ကွယ်လွန်သူ သမ္မတ Hugo Chavez ရဲ့ နိုင်ငံတော်ဈာပနကို တက်ရောက်ဖို့ ဗင်နီဇွဲလားမြို့တော်မှာ ကမ္ဘာ့ခေါင်းဆောင်တွေ စုဝေးရောက်ရှိနေကြပါတယ်။
မြို့တော် Caracas မှာ သောကြာနေ့ကျင်းပမယ့် Mr. Hugo Chavez ရဲ့ ဈာပနကို တက်ရောက်ဖို့ ရောက်နေကြတဲ့ ခေါင်းဆောင်တွေထဲမှာ အီရန်သမ္မတ Mahmoud Ahmadinejad နဲ့အတူ ကျူးဘားသမ္မတ Raul Castro လည်း ပါဝင်ပါတယ်။ ဈာပနတက်ရောက်ဖို့အတွက် အမေရိကန်ပြည်ထောင်စုက သံတမန်တဖွဲ့လည်း သွားရောက်မှာ ဖြစ်ပါတယ်။
Caracas မြို့မှာရှိတဲ့ စစ်တက္ကသိုလ် ဗိုလ်သင်တန်းကျောင်းမှာ ဗုဒ္ဒဟူးနေ့ကစပြီး ထားရှိပေးတဲ့ ကွယ်လွန်သူသမ္မတရဲ့ ရုပ်ကလာပ်ကို လူ ၂ သန်းလောက်လာပြီး ဂါဝရ ပြုကြတယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ ကမ္ဘာမှာ အရောင်အသွေးအစုံလင်ဆုံးနဲ့ အငြင်းပွားစရာ အကောင်းဆုံး အခြေအနေတွေရှိခဲ့သူ ပုဂ္ဂိုလ်တဦးလို့ဆိုကြတဲ့ ကွယ်လွန်သူ ဗင်နီဇွဲလားသမ္မတကို နောက်ဆုံး ဂါရဝပြုနေကြတဲ့ သန်းနဲ့ချီတဲ့လူထုအတွက် ရုပ်ကလာပ်ကို နောက်ထပ် (၇) ရက် ထားရှိပေးမှာ ဖြစ်ပါတယ်။
နောင်လာနောင်သားတွေ လာရောက်ကြည့်ရှုနိုင်ဖို့ သူ့ရဲ့ ရုပ်ကလာပ်ကို မီးသင်္ဂြိုဟ်မှာ မဟုတ်ဘဲ မော်စီတုံးနဲ့လီနင်တို့လို စစ်သမိုင်းပြတိုက်မှာ ထားမယ်လို့ တာဝန်ရှိသူတွေက ကြေညာလိုက်ပါတယ်။ သောကြာနေ့နှောင်းပိုင်းမှာ လက်ရှိဒုသမ္မတ Nicolas Maduro က ယာယီသမ္မတအဖြစ် ကျမ်းသစ္စာဆိုမယ်လို့ သိရပါတယ်။