သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမှာ လူကုန်ကူးမှု ကုလစုံစမ်းမည်


ကုလသမဂ္ဂ လူမှောင်ခိုကူးမှုဆိုင်ရာ အထူးကိုယ်စားလှယ် Maria Grazia Giammarinaro. UN Photo/Paulo Filgueiras
ကုလသမဂ္ဂ လူမှောင်ခိုကူးမှုဆိုင်ရာ အထူးကိုယ်စားလှယ် Maria Grazia Giammarinaro. UN Photo/Paulo Filgueiras

မလေးရှားနိုင်ငံက လူမှောင်ခိုကူးခံရသူတွေအနေနဲ့ သူတို့ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲပြဿနာတွေကို မကြာခင်မှာ တင်ပြခွင့်ရကြတော့မယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောပါတယ်။

မလေးရှားနိုင်ငံမှာရှိနေကြတဲ့ လူမှောင်ခိုကူးခံရသူတွေ၊ အထူးသဖြင့် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေရဲ့ အခြေအနေတွေကို လေ့လာဖို့ ကုလသမဂ္ဂ လူမှောင်ခိုကူးမှုဆိုင်ရာ အထူးကိုယ်စားလှယ် Maria Grazia Giammarinaro ဟာ ၆ ရက်ကြာမယ့် မလေးရှားနိုင်ငံခရီးစဉ်ကို တနင်္လာနေ့မှာ စတင်မှာ ဖြစ်ပါတယ်။ အစိုးရတွေအနေနဲ့ အဲဒီ လူမှောင်ခိုကူးခံရသူတွေရဲ့ အခက်အခဲ အတွေ့အကြုံတွေကို တိုက်ရိုက် ကြားသိဖို့လိုတယ်လို့ ဆိုပါတယ်။

မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံတွေက အမျိုးသမီးတွေဟာ မလေးရှားနိုင်ငံအတွင်းမှာ ပြည့်တန်ဆာ၊ အိမ်ဖော် စတဲ့ လုပ်ငန်းတွေမှာ အဓမ္မခိုင်းစေခံနေရတဲ့ အရေအတွက် တဖြည်းဖြည်း တိုးများလာနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ဒါကြောင့်လည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အနေနဲ့ လူမှောင်ခိုကူးမှု တားဆီးဟန့်တားရေးလုပ်ဆောင်ဖို့ အခုသီတင်းပတ်အတွင်း မလေးရှားနိုင်ငံကို သွားရောက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ သူမအနေနဲ့ အဓမ္မ ခိုင်းစေမှုရပ်တန့်ရေးနဲ့ လူ့အခွင့်အရေး ကာကွယ်ရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကိုလည်း တိုက်တွန်း အားပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Ms. Giammarinaro အနေနဲ့ မလေးရှားနိုင်ငံမှာ ရှိနေစဉ်အတွင်း လူမှောင်ခိုကူးမှု ပပျောက်ရေး ဆောင်ရွက်နေကြတဲ့ အစိုးရနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ Kuala Lumpur , Melaka, Rembau နဲ့ တောင်ပိုင်း Sabah ဒေသက Kota Kinabalu မြို့တွေမှာ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG