သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ အနှိုင်းခံရတာ ကမ္ဗောဒီးယား ဝန်ကြီးချုပ် မကြိုက်


ကမ္ဗောဒီးယား ဝန်ကြီးချုပ် ဟွန်ဆင်
ကမ္ဗောဒီးယား ဝန်ကြီးချုပ် ဟွန်ဆင်

Cambodia နိုင်ငံက အတိုက်ခံပါတီက Cambodia နိုင်ငံရဲ့ ဒီမိုကရေစီ နဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနှိုင်းယှဉ်ပြောဆိုမှုအပေါ် ဝန်ကြီးချုပ် Hun Sen က ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လိုက်ပါတယ်။

မစ္စတာ ဟွန်ဆန် က လူထုကို မိန့်ခွန်းပြောဆိုရာမှာကော အင်တာနက် လူမှုကွန်ယက်မှာပါ ကမ္ဘောဒီယား အမျိုးသား ကယ်တင်ရေး ပါတီခေါင်းဆောင် Sam Rainsy ကို မကြာခဏ ဆိုသလို ကမ္ဘာ့ရာဇဝင်ကို အခွင့်ကောင်းပြီးတော့ အာဏာရ ကမ္ဘောဒီယား ပြည်သူ့ပါတီကို တိုက်ခိုက်နေတဲ့ သစ္စာဖေါက်ရဲ့ သား ဆိုပြီးတော့ ပြောကြားလိုက်ပါတယ်။

ဘုရင် သီဟာနု ကိုယ်တိုင် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ၁၉၆၀ ခုနှစ်တွေအတွင်း Sam Rainsy ရဲ့ဖခင်ဖြစ်သူ Sam Sary ဟာ ပုန်ကန်ဖို့ ကြံစည် ခဲ့သူဖြစ်တယ်လို့ Mr. Hun Sen ကပြောပါတယ်။

အခုလို ပုဂ္ဂိုလ်ရေး ဝေဖန်တိုက်ခိုက်မှုက အာဏာရနဲ့ အတိုက်ခံ ပါတီကြီး ၂ ခုကြားမှာ ပိုမိုတင်းမာမှုကို ဖြစ်စေပါတယ်။ ကမ္ဘောဒီးယားနိုင်ငံရေးပါတီတွေဟာ ၂၀၁၇ နဲ့ ၂၀၁၈ အတွင်း ကျင်းပမယ့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေကြတာဖြစ်ပါတယ်။

ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံကို မနှိုင်းယှဉ်သင့်ပါဘူး၊ မတူကွဲပြားတဲ့ အချက်တွေ အများကြီးရှိနေပါတယ်လို့ Mr. Hun Sen က သူ့ရဲ့ facebook စာမျက်နှာမှာ ကြာသပတေးနေ့က ရေးသားထားပါတယ်။

XS
SM
MD
LG