သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Isaac မုန်တိုင်း အန္တရာယ်ရှိနေဆဲ


ဟာရီကိန်း Isaac
ဟာရီကိန်း Isaac
အိုင်းဆက်မုန်တိုင်းဟာ ဟာရီကိန်းမုန်တိုင်းအဆင့်ကနေ အပူပိုင်းမုန်တိုင်းအဖြစ် အဆင့်လျှောကျသွားပြီး တဲ့နောက် အမေရိကန် ကမ်းရိုးတန်းပြည်နယ်ဖြစ်တဲ့ လူဝီဆီယားနားပြည်နယ်ကို ကြာသပတေးနေ့မှာ တိုက်ခတ်မယ်လို့ ခန့်မှန်းထားပါ တယ်။ မုန်တိုင်းဟာ အားပျော့သွားပေမဲ့လည်း အသက်အန္တရာယ်နဲ့ ပိုင်ဆိုင်ပစ္စည်းတွေကို ခြိမ်းခြောက်နေနိုင်တုန်းပဲလို့ မိုးလေ ဝသ ခန့်မှန်းသူတွေက သတိပေးထားပါတယ်။

လူဝီဆီယားနား၊ မစ္စစ်စပီနဲ့ အယ်လာဘားမားပြည်နယ်တွေမှာ မိုးကြီးရွာ၊ လေပြင်း တိုက်၊ လေဆင်နှာမောင်းတွေ တိုက်ခတ် စေခဲ့ပြီးတဲ့နောက် အိုင်းဆက်ဟာ အဆင့်တစ် ဟာရီကိန်းမုန်တိုင်းကနေ အားပျော့သွားခဲ့တာပါ။

နယူးအော်လင်းန်မြို့မှာ အာဏာပိုင်တွေက ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး လေတိုက်ပြီး မိုးရွာတာ ရပ်သွားတဲ့အထိ ပျက်စီးဆုံးရှုံးတဲ့အခြေအနေကို အပြည့်အ၀ ဆန်းစစ်နိုင်ဦးမှာ မဟုတ်သေးဘူးလို့ ပြော ပါတယ်။

နယူးအော်လင်းန်မြို့ကနေ ထွက်ကြဖို့ညွှန်ကြားထားတာကို ငြင်းဆန်ခဲ့တဲ့ ငါးဖမ်းလုပ်ငန်းက လူ ၁၀၀ ကျော်ဟာ အကာအရံကို ကျော်ပြီး ရေကြီးလာတဲ့အချိန်မှာ ကယ်ထုတ်ပေးခဲ့ရပါတယ်။ ရေဖိအား ဒဏ် သက်သာစေဖို့အတွက် ရေကာတံတိုင်းမှာ အပေါက်တခုဖောက်ဖို့ အင်ဂျင်နီယာတွေက စဉ်းစားနေ ပါတယ်။
XS
SM
MD
LG