သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Isaac မုန်တိုင်း အမေရိကန် အရှေ့တောင်ပိုင်းကမ်းခြေဝင်ရောက်


ဟာရီကိန်း ဗဟို။
ဟာရီကိန်း ဗဟို။
အမေရိကန်ပြည်ထောင်စုတောင်ပိုင်းမှာ တိုက်ခတ်နေတဲ့ ဟာရီကိန်းမုန်တိုင်း အိုင်ဇက်စ် (Hurricane Isaac) ဟာ လူဝီဆီယားနား ပြည်နယ် (Louisiana State) အရှေ့တောင်ပိုင်း ကမ်းရိုးတန်းက ကုန်းတွင်းပိုင်းကို ဝင်ရောက် သွားခဲ့ပြီ ဖြစ်ပါတယ်။

မက္ကဆီကိုပင်လယ်ကွေ့ (Gulf of Mexico) တချို့နေရာတွေမှာ ရေကြီးမှုတွေ စတင် ဖြစ်ပေါ်နေပါပြီ။ မုန်တိုင်းရဲ့ဗဟိုချက်မဟာ လူဝီဆီယားနားပြည်နယ် ကမ်းရိုးတန်းနဲ့ နီးကပ်လာပြီး တချို့မြေနိမ့် ပိုင်းတွေမှာ ရေတွေလျှံနေတယ်လို့ အမျိုးသား ဟာရီကိန်းမုန်တိုင်း စောင့်ကြည့်လေ့လာရေးဌာန (National Hurricane Center) က ပြောပါတယ်။

လူဝီဆီယားနား ပြည်နယ် မြေနိမ့်ပိုင်းနေရာတွေမှာ ရေတွေကြီးလာသလို တချို့နေရာတွေမှာ ရေက အမြင့် ဆယ်ပေ / (၁၂) ပေ လောက်အထိ တက်လာလိမ့်မယ်လို့လည်း ခန့်မှန်းထားကြပါ တယ်။ ဖြစ်နိုင်ရင် မုန်တိုင်းဝင်မယ့် လမ်းတလျှောက်က ဒေသခံတွေ ဘေးလွတ်ရာ ကို ရှောင်နေကြဖို့ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ဒေသခံတွေကို တိုက်တွန်းနေပါတယ်။

မုန်တိုင်းဟာ လူဝီဇီးယားနားပြည်နယ်၊ နယူးအော်လင်း(စ်) New Orleans မြို့ကို တိုက်ရိုက် ဝင်ရောက်နိုင်ခြေရှိတာကြောင့် မြို့တော်ဝန် မစ်ချ် လယ်န်ဒရီယူ (Mitch Landrieu) လိုအပ်တာတွေ ကို ပြင်ဆင်ဆောင်ရွက်နေပါတယ်။

သမ္မတ အိုဘားမားကတော့ လူဝီဆီယားနားပြည်နယ်နဲ့ မစ္စစ္စပီပြည်နယ် (Mississippi State) တွေကို အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။

ဒီလို ကြေညာတာကြောင့် ပြည်ထောင်စုရဲ့အရေးပေါ်ရန်ပုံငွေ သုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဟာရီကိန်း ကတ်ထရီနား တိုက်ခိုက်လို့ လူဝီဆီယားနားပြည်နယ်အတွင်း ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရတဲ့ ခုနှစ်နှစ်ပြည့်ခါ နီးမှာပဲ အခုလို နောက်ထပ် ဟာရီကိန်းမုန်တိုင်း အိုင်ဇက်စ် နဲ့ ကြုံရတာပါ။
XS
SM
MD
LG