လာမယ့် ၂၀၁၅ ခုနှစ်ကျရင် အမေရိကန်ပြည်ထောင်စုဟာ ဆော်ဒီအာရေးဗီးယားနိုင်ငံနဲ့ ရုရှားနိုင်ငံတွေကို ကျော်တက်ပြီး ကမ္ဘာ့ရေနံထုတ်လုပ်မှု အများဆုံးနိုင်ငံ ဖြစ်လာလိမ့်မယ်လို့ IEA နိုင်ငံတကာစွမ်းအင်အေဂျင်စီက ကြေညာပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ဆယ်စုနှစ် နှစ်ခုအတွင်းမှာပဲ စွမ်းအင်အရ ကိုယ်ပိုင်ရပ်တည်နိုင်တဲ့ လမ်းကြောင်းပေါ်ကို ရောက်လာပြီလို့လည်း IEA က ပြောပါတယ်။
လာမယ့် ၁၀ နှစ်ကျရင် အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံတွေဟာ ရုပ်ကြွင်းလောင်စာ ရေနံတူးဖော်မှုတွေနဲ့ ရေနံထုတ်လုပ်မှု ရှေ့ရောက်လာပြီး၊ ဘရာဇီးမှာ ရေနက်ပိုင်း ရေနံတူးဖော် ထုတ်လုပ်မှုတွေကြောင့် လက်ရှိ ကမ္ဘာမှာ သြဇာကြီးတဲ့ အရှေ့အလယ်ပိုင်း အများစုပါဝင်တဲ့ OPE ရေနံတင်ပို့မှု နိုင်ငံများအသင်းရဲ့ အခန်းကဏ္ဍကို လျော့ကျလာစေလိမ့်မယ်လို့ IEA က ပြောပါတယ်။
ဒါပေမဲ့လည်း ၂၀၂၀ ခုနှစ်များ အလယ်ပိုင်း ကာလကျရင်တော့ အမေရိကန်အနေနဲ့ ကမ္ဘာ့ရေနံထုတ်လုပ်မှု ထိပ်ဆုံးနိုင်ငံအဖြစ်ကနေ ပြန်လျော့ကျသွားမယ်လို့ ပဲရစ်အခြစိုက်တဲ့ IEA အဖွဲ့က ထုတ်ပြန်ပါတယ်။ အမေရိကန်ပြည်ထောင်စု အလယ်ပိုင်းက Dakota နဲ့ Texas ပြည်နယ်တွေမှာ လက်ရှိ ထုတ်ယူသုံးစွဲနေတဲ့ ရေနံအရင်းအမြစ်တွေ လျော့ပါးလာတဲ့ အခြေအနေကို ထောက်ပြထားတာပါ။
အဲဒီအချိန်ကျရင်တော့ အရှေ့အလယ်ပိုင်းတိုင်းပြည်တွေဟာ ကမ္ဘာ့ရေနံဈေးကွက်မှာ ပိုပြီး တင်ပို့လာမယ်လို့ IEA က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ သူရဲ့ စွမ်းအင်လိုအပ်ချက်ကို ၂၀၃၅ ခုနှစ်ကျရင် ပြည်တွင်းအရင်းအမြစ်ကိုပဲ မှီခိုသုံးစွဲမယ်ဆိုတဲ့ ရည်မှန်းမှုကို တဖြေးဖြေးနဲ့ သွားနေတယ်လို့ နှစ်စဉ်ထုတ်ပြန်ကြ ကမ္ဘာ့စွမ်းအင်အခြေအနေ ဆန်းစစ်ချက် IEA အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စွမ်းအင်ပိုင်းမှာ ကိုယ်ပိုင်ရပ်တည်နိုင်ရေးဟာ အတော်ကြာကတည်းကရှိခဲ့တဲ့ အမေရိကန်ခေါင်းဆောင်တွေရဲ့ ရည်မှန်းချက် ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။ လက်ရှိ ကမ္ဘာမှာတော့ စီးပွားရေး တိုးတက်လာတဲ့ နိုင်ငံတွေကြောင့် စွမ်းအင်လိုအပ်ချက် ပိုများလာမယ်လို့ IEA က ခန့်မှန်းပါတယ်။
လာမယ့် ၂၀၃၀ လောက်ကျရင်တော့ တရုတ်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုကို ကျော်တက်ပြီး ကမ္ဘာမှာ ရေနံ အသုံးအများဆုံး နိုင်ငံဖြစ်လာမယ်လို့လည်း ဆိုပါတယ်။