မြန်မာနိုင်ငံသား အများအပြားအပါအဝင် ကမ္ဘာတဝှမ်း သန်းနဲ့ချီရှိတဲ့ အိမ်ဖော် အလုပ်သမားတွေ ဟာ ဥပဒေနဲ့အညီ အကာအကွယ်တွေ မရနိုင်ဘဲ ဖြစ်နေရတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။ မြန်မာနိုင်ငံသား အများအပြားရှိရာ အိမ်နီးချင်း တိုင်းပြည်တွေမှာဆိုရင်လည်း တရားဝင် အလုပ် လုပ်ကိုင်ခွင့်တွေ ရလာကြပေမဲ့ အခွင့်အရေးတွေ အပြည့်အ၀ မရနိုင်သေးဘဲ ဖြစ်နေရတယ်လို့လည်း ILO က ပထမဆုံးအကြိမ် ထုတ်ဝေလိုက်တဲ့ အစီရင်ခံစာမှာ ထောက်ပြတားတာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးကတင်ပြပေးထားပါတယ်။
အမျိုးသမီး ၈၃ ရာခိုင်နှုန်း ပါဝင်တဲ့ ကမ္ဘာတဝှမ်းက အိမ်ဖော်အလုပ်သမား ၅၂ သန်းကျော်ဟာ နိမ့်ကျတဲ့ လုပ်ငန်းခွင် အခြေအနေတွေ၊ ဥပဒေနဲ့အညီ ခံစားခွင့်တွေ ကာကွယ်စောင့်ရှောက် မှုတွေ မရဘဲ ဖြစ်နေရတာကို ILO ရဲ့ လေ့လာချက်က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် အိမ်ဖော်အလုပ် လုပ်သူတွေဟာ တခြားအလုပ်သမားတွေနဲ့ မတူဘဲ ခွဲခြား ဆက်ဆံခံရတာ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေကို ပိုပြီး ရင်ဆိုင်ရလေ့ရှိတယ်လို့လည်း ILO ရဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Sandra Polaski က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ဗုဒ္ဓဟူးနေ့က အစီရင်ခံစာ ထုတ်ပြန်ချိန်မှာ ပြောဆိုခဲ့တာပါ။
“အထူးသဖြင့် အိမ်မှာနေပြီး အလုပ်လုပ်ကြရတဲ့ အိမ်ဖော် အလုပ်သမားတွေအနေနဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းသာမက လိင်ပိုင်းဆိုင်ရာ အရ အနိုင်ကျင့်ခံရတာ၊ နှောက်ယှက်တာ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားခွင့်တွေကို ကန့်သတ်ခံရတာတွေလို အခြေအနေမျိုး ကြုံရတတ်ပါတယ်။ ရွှေ့ပြောင်း အလုပ်သမားတွေဟာဆိုရင်လည်း ခေါင်းပုံဖြတ်ခံရတာ၊ အနိုင်ကျင့်ခံရတာတွေလို အခြေအနေမျိုးနဲ့ ပိုပြီး ကြုံရနိုင်ပါတယ်။”
အာရှဒေသမှာ အိမ်ဖော်အလုပ်သမား ၂ သိန်းခွဲစီလောက် ရှိနေတဲ့ မလေးရှား၊ ထိုင်း စတဲ့ နိုင်ငံတွေမှာ ဆိုရင်လည်း အကာအကွယ်ပေးနိုင်တဲ့ အခြေအနေတွေ အားနည်းနေတာကို အစီရင်ခံစာက ဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံသား သန်းဂဏန်းချီ အလုပ်လုပ်ကြတဲ့ ထိုင်းနိုင်ငံမှာ ဆိုရင်လည်း နည်းလမ်းပေါင်းစုံနဲ့ ရောက်လာသူတွေဟာ နိုင်ငံခြားသား အလုပ်သမားတွေအဖြစ် မှတ်ပုံတင်ခွင့် ပြုထားတဲ့အတွက် ၂၀၁၀ ပြည့်နှစ်ထဲ လျှောက်ထားသူ ၈၈,၀၀၀ ထဲ မှာ မြန်မာနိုင်ငံသားတွေ ၈၀ ရာခိုင်နှုန်းကျော် ပါဝင်ခဲ့ပါတယ်။ ဒီလိုတရားဝင် အလုပ်သမားတွေ အဖြစ်နဲ့ မှတ်ပုံတင်နိုင်တယ် ဆိုပေမဲ့လည်း အခွင့်အရေးတွေတော့ အပြည့်အ၀ မရနိုင်ကြဘူးလို့ ILO က ဆိုပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားတွေထဲက အိမ်ဖော်အလုပ် လုပ်နေသူတွေကို လေ့လာချက် တခုမှာ ဆိုရင်တော့ အများစုဟာ နှုတ်အားဖြင့် စော်ကားတာ ခံကြရသလို၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတဲ့အထိ ကြုံခဲ့ကြရကြောင်း တွေ့ရှိခဲ့တာပါ။ စစ်တမ်းကောက်ယူခဲ့တဲ့ အိမ်ဖော်အလုပ်သမားတွေ အနက် ၁၄ ရာခိုင်နှုန်းဟာ အလုပ်ရှင်က မတော်တရော် ကိုင်တွယ်တာ ခံခဲ့ရကြောင်းနဲ့ အဓမ္မကျင့်ခံခဲ့ရတာက ၁ ရာခိုင်နှုန်း ရှိခဲ့ကြောင်းလည်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ နောက်ပြဿနာ တခုကတော့ ဘယ်မှသွားခွင့် မပေးပဲထားတာဖြစ်ပြီး၊ စစ်တမ်းကောက်ယူသူတွေရဲ့ ထက်ဝက်လောက်ကိုသာ အလုပ်ရှင်က အပြင်ကလူတွေနဲ့ တွေ့ခွင့်ပြုခဲ့တာလို့လည်း အစီရင်ခံစာက ဖော်ပြခဲ့တာပါ။
အိမ်ဖော် အလုပ်သမားတွေရဲ့ အခွင့်အရေး အကာအကွယ် ပေးရေးမှာ အဓိက အဟန့် အတား ဖြစ်နေရတဲ့ စိန်ခေါ်မှုအနေနဲ့ကတော့ သက်ဆိုင်ရာ အစိုးရတွေအနေနဲ့ ကိန်းဂဏန်း အချက်အလက်တွေကို တိတိကျကျ မစုစည်းနိုင်တဲ့ကိစ္စလို့လည်း ILO ရဲ့လုပ်ငန်းခွင် အခြေအနေဆိုင်ရာ ကျွမ်းကျင်သူ Martin Oelz က ပြောပါတယ်။
“အများပြည်သူကြား အချေအတင် ဆွေးနွေးမှုတွေမှာ အိမ်ဖော်လုပ်ငန်းအကြောင်း မပါတာ ကြာပါပြီ။ ဒါကတကယ့် ပြဿနာပါ။ ဘာကြောင့်လဲဆိုတော့ အိမ်ဖော် အလုပ်သမားတွေကို တယောက်ချင်း၊ တအိမ်ထောင်ချင်း၊ မိသားစု တစုချင်းစီက ငှားရမ်း ကြတာပါ။ စက်ရုံတွေ၊ ရုံးတွေမှာ ခန့်ထားတာမျိုးနဲ့ မတူပါဘူး။ ဒီအတွက်လည်း လူမှုရေး ကဏ္ဍနဲ့ အလုပ်သမား အခွင့်အရေး အတွက် ပြုပြင်ပြောင်းလဲမှုတွေမှာ အိမ်ဖော်လုပ်ငန်းက မပါနိုင်ပဲ ဖြစ်နေရတာပါ။ ဒီအတွက်လည်း သိက္ခာရှိတဲ့ အိမ်ဖော်အလုပ် ဖြစ်လာစေရေး မကြာသေးခင်ကပဲ ILO က ပဋိဉာဉ်တရပ်နဲ့ အကြံပြုချက်တွေကို ချမှတ်ခဲ့ပါတယ်။”
အခုအခါ ကမ္ဘာတဝှမ်း အိမ်ဖော်အလုပ်သမားတွေ တိုးပွားလာနေတာနဲ့အမျှ အခွင့်အရေး အတွက် အကာအကွယ်ပေးဖို့ အရေးတကြီး လိုအပ်နေတယ်လို့လည်း ILO အရာရှိ Oelz က ပြောဆိုခဲ့တာပါ။ ILO ရဲ့လေ့လာချက်အရ ကမ္ဘာတဝှမ်း သာမန် အလုပ်သမား ဥပဒေတွေကို ခံစားခွင့် ရတဲ့နေရာမှာတော့ တခြားအလုပ်သမားတွေနဲ့ ယှဉ်ရင် အိမ်ဖော်တွေဟာ ၁၀ % သာ ရကြတယ်လို့ ILO က ပြောပါတယ်။ အိမ်ဖော် အလုပ်သမားတွေရဲ့ ထက်ဝက်ကျော်ဟာ ဆိုရင်လည်း ဥပဒေနဲ့အညီ သတ်သတ် မှတ်မှတ်ထားတဲ့ အလုပ်ချိန်မျိုးမရှိဘဲ လုပ်ကိုင်နေကြရ သလို တပတ်တကြိမ် နားခွင့်၊ နှစ်စဉ်လစာနဲ့ခွင့် ရတာမျိုးလည်း မရှိကြပါဘူး။ ဒီလိုပဲ အမျိုးသမီး အများစုဖြစ်တဲ့ အိမ်ဖော် အလုပ်သမားတွေအနက် ထက်ဝက်ကျော်လောက်သာ အနိမ့်ဆုံးလစာ ခံစားခွင့် ရကြသလို၊ ၃ ပုံ ၁ ပုံကျော်ဟာ ဆိုရင်လည်း မီးဖွားချိန်အတွက် ခံစားခွင့် မရှိဘူးလို့ အစီရင်ခံစာက ဖော်ပြထားတာ ဖြစ်ပါတယ်။