သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့စီးပွါးရေးတိုးတက်မှု မခိုင်မာသေး


အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အကြီးအကဲ Christine Lagarde (ယာ)
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အကြီးအကဲ Christine Lagarde (ယာ)
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဟာ ပြန်ကောင်းလာနေပြီဖြစ်ပေမဲ့ မခိုင်မာသေးဘူးလို့ ကမ္ဘာ့ထိပ်တန်း စီးပွားရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF နဲ့ ကမ္ဘာ့ဘဏ် အဖွဲ့ဝင်နိုင်ငံတွေအကြား အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ မြို့တော်မှာ ရက်ပေါင်းများစွာ ဆွေးနွေးခဲ့ကြပြီးတဲ့နောက် စနေနေ့က အဲဒီလိုပြောလိုက်တာပါ။
IMF ကမ္ဘာ့စီးပွား အညွှန်းကိန်း။
IMF ကမ္ဘာ့စီးပွား အညွှန်းကိန်း။

တချို့နိုင်ငံတွေမှာ အလုပ်လက်မဲ့နှုန်း မြင့်မားနေတာ လျော့ပါးစေရေး အထောက်အကူဖြစ်စေဖို့ စီးပွားရေး ပိုပြီးမြန်မြန် တိုးတက်အောင် လုပ်ဆောင်သွားကြဖို့ တာဝန်ရှိသူတွေ ကတိပြုခဲ့ကြပါတယ်။

စီးပွားရေးအခြေအနေကောင်းတဲ့ နိုင်ငံတွေမှာ ငွေဖောင်းပွမှုနှုန်း နိမ့်ကျပြီး ၂ % လောက်ပဲရှိတယ်လို့ စီးပွားရေးပညာရှင် အများအပြားကပြောပါတယ်။

ငွေဖောင်းပွမှုနှုန်းမြင့်တာက စီးပွားရေးကိုထိခိုက်စေနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ အရင်ကတည်းက ရှိခဲ့ဖူးပေမယ့် ငွေဖောင်းပွမှုနှုန်း ၂% အောက်ပဲရှိတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတချို့ရဲ့စီးပွားရေး ထိခိုက်ဖွယ်ရှိတာကိုလည်း ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
XS
SM
MD
LG