သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့စီးပွားရေး တိုးတက်မယ်လို့ IMF ခန့်မှန်း


IMF လို့ခေါ်တဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ ဒီနှစ်မှာ ပိုမိုအင်အားကောင်းလာလိမ့်မယ်လို့ ပြောဆိုပါတယ်။

မနေ့ကထုတ်ပြန်တဲ့ IMF ရဲ့အစီရင်ခံစာမှာ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ ဒီနှစ်မှာ ၃.၅ % အထိ တိုးမြင့်လာနိုင်တယ်လို့ ပါရှိပါတယ်။ ဒါဟာ မနှစ်က ဖွံ့ဖြိုးမှုနှုန်းထက် ဆယ်ပုံ ၃ ပုံ တိုးမြင့်လာတာဖြစ်တယ်လို့ IMF ရဲ့စီးပွားရေးပညာရှင်တွေက ဆိုပါတယ်။ တဘက်မှာလည်း အမေရိကန်အစိုးရရဲ့ ဘဏ္ဍာရေးဖြတ်တောက်မှု ရေတိုစီမံကိန်း တရားလွန်ဖော်ဆောင်မှုတွေ၊ ဥရောပမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရပ်တန့်နေတာတွေဟာ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အန္တရာယ်တွေ ဖြစ်စေနိုင်တယ်လို့သတိပေးထားပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုရဲ့ ကြွေးမြီပြဿနာတွေအပေါ်မှာ အမေရိကန်အစိုးရ အတွင်း သဘောတူညီမှုရပြီး ဘဏ္ဍာရေးအသုံးစရိတ် လျှော့ချတဲ့ အလယ်အလတ် နည်းလမ်း ကနေ ပြဿနာရဲ့ အရင်းအမြစ်ကို ဖြေရှင်းနိုင်မယ့် နည်းလမ်းရှာကြဖို့ တိုက်တွန်းထားပါ တယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့လည်း ဒီနှစ်မှာ စီးပွားရေးဖွံ့ဖြိုးမှု ၂ % အထိ ရှိနိုင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေကတော့ ၅.၅ % အထိရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ယူရိုငွေကြေး သုံးစွဲတဲ့ နိုင်ငံတွေအနေနဲ့ကတော့ ဒီနှစ်မှာ စီးပွားဖွံ့ဖြိုးမှုနှုန်း အနည်းငယ် ကျုံ့လိမ့်မယ်လို့ ဆိုပါတယ်။
XS
SM
MD
LG