သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စီးပွါးရေး IMF အစီရင်ခံစာ


အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF
ဝန်ဆောင်မှုလုပ်ငန်းတွေကြောင့် မြန်မာ့စီးပွားရေးတိုးတက်မှု အားကောင်းလာပေမဲ့လည်း နိုင်ငံတကာ အရန်ငွေကြေးဟာ နိမ့်ကျ နေဆဲဖြစ်ပြီးတော့ ငွေဖောင်းပွမှု ဖိအားကလည်း သိသာထင်ရှားလာတယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ပြောလိုက်ပါတယ်။

ဒီလို အန္တရာယ်တွေရှိနေပေမဲ့လည်း စီးပွားရေးတစ်စုံလုံးရဲ့ အလားအလာ ကတော့ အားတက်ဖွယ်ပါပဲလို့ဆိုပါတယ်။ ၂၀၁၃-၁၄ နဲ့ ၂၀၁၄-၁၅ တို့မှာ တိုးတက်မှုနှုန်း အနည်းငယ် တက်လာသလို ငွေဖောင်းပွမှုနှုန်းကလည်း ဆက်မြင့်နေမယ်လို့ IMF က ခန့်မှန်း ထားပါတယ်။ လက်ရှိ ရသုံးငွေစာရင်း လိုငွေပြမှုဟာ ပိုများလာဖို့ရှိပေမယ့်လည်း ၂၀၁၄-၁၅ က ရှေ့လျှောက် တိုက်ရိုက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ဆက်စပ်ပြီးတော့ ဝင်လာတဲ့ငွေကြေးတွေ၊ အကူအညီတွေကြောင့် ခုသာခံသာရှိလိမ့်မယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ဗဟိုဘဏ်အနေနဲ့ နိုင်ငံတကာ အရန်ငွေကြေး ဖြည့်တင်းဖို့ နဲ့ ငွေကြေးဆိုင်ရာ မူဝါဒတွေအပေါ် အာရုံစိုက်ဖို့ လိုတယ်လို့ IMF က အကြံပေးထားပါတယ်။ ဘဏ္ဍာငွေကြေး ကဏ္ဍကို ဖြေလျှော့ပြီး ဖွင့်ပေးတာကို သတိကြီးကြီးထားပြီးတော့ ရှေ့ဆက်လုပ်ဆောင်သင့်ပြီး ကြီးကြပ်မှုစွမ်းရည် ဖွံ့ဖြိုးတိုးတက်လာတာနဲ့အညီ ဖြစ်သင့်တယ်လို့ IMF က ပြောထားပါတယ်။
IMF ရဲ့ စောင့်ကြည့်လေ့လာတဲ့အစီအစဉ်ကနေ မတ်လ ၂၈ ရက်နေ့က ဒုတိယအကြိမ်မြောက် ထုတ်ပြန်တဲ့ သုံးသပ်ချက်ထဲမှာ အခုလိုပြောထားတာဖြစ်ပါတယ်။
XS
SM
MD
LG