သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာသံပြည်နယ် အဓိကရုဏ်း လူ ၁၇ ဦးသေ


အိန္ဒိယနိုင်ငံမှာ ဒေသခံ တောင်ပေါ်သားတွေနဲ့ လာရောက် အခြေချနေထိုင်သူ မူစလင်တွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ၆ လသားအရွယ် ကလေးငယ်တဦး အပါအဝင် အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ကြောင်း အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက တာဝန်ရှိသူတွေက ပြောပါတယ်။
အာသံပြည်နယ် ကော့ရှ်ဂျဟာ ခရိုင်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကြောင့် ထောင်ပေါင်းများစွာ ရှိတဲ့ ဒေသခံ ရွာသားတွေဟာ သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာပြီး ထွက်ပြေး နေကြတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ရုံးတွေ ကျောင်းတွေနဲ့ စီးပွားရေး လုပ်ငန်းတွေ တနင်္လာနေ့မှာ ပိတ်ထားတာကို တွေ့ရကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ နေအိမ်တွေကို စွန့်ခွာထွက်ပြေး နေကြသူ အရေအတွက်ဟာ သုံးသောင်းလောက် ရှိတယ်လို့ ဒေသတွင်းက တာဝန်ရှိသူတွေက ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင် လာကြတဲ့ ဒုက္ခသည်တွေကို အကူအညီပေးဖို့ အတွက် ဒုက္ခသည် ကယ်ဆယ်ရေး စခန်း ၃၇ ခု ဖွင့်လှစ်ထားပြီး လိုအပ်ရင် ထပ်ပြီး ဖွင့်ပေးဖို့ စီစဉ်ထားတယ်လို့ ဒေသခံအစိုးရ အရာရှိတဦးက ပြောပါတယ်။
XS
SM
MD
LG