သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယမှာ လျှပ်စစ်မီးပြန်ရ


လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ရထားလိုင်းလုပ်ငန်းများ ရပ်တန့်သွားသည့်အတွက် ခရီးမဆက်နိုင်ဘဲ ဖြစ်နေကြရပုံ။ (ဇူလိုင် ၃၁၊ ၂၀၁၂။)
လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ရထားလိုင်းလုပ်ငန်းများ ရပ်တန့်သွားသည့်အတွက် ခရီးမဆက်နိုင်ဘဲ ဖြစ်နေကြရပုံ။ (ဇူလိုင် ၃၁၊ ၂၀၁၂။)
အိန္ဒိယနိုင်ငံမှာ လျှပ်စစ်မီးတွေ ပြတ်တောက်သွားလို့ ဒေသတော်တော်များများ အမှောင်ကျသွားပြီး တဲ့နောက် New Delhi မြို့တော်မှာ မီးပြန်လာပြီ ဖြစ်ပါတယ်။

New Delhi မြို့တော်ရဲ့ ရပ်ကွက်အများစုမှာ မီးပြန်ရပြီဖြစ်လို့ ရထားခရီးစဉ်တွေ ပြန်ပြီးပြေး ဆွဲနေပြီ ဖြစ်သလို မီးပွိုင့်တွေလည်း ပြန်အလုပ် လုပ်နေပါပြီ။ တခြားဒေသတွေမှာလည်း မီးပြန်ရတာရှိသလို ဘယ်တော့လောက် မီးပြန်လာမလဲဆိုတာကတော့ တနေရာနဲ့ တနေရာ မတူပါဘူး။

အင်္ဂါနေ့က မီးပျက်တာက နိုင်ငံအရှေ့ပိုင်းနဲ့ မြောက်ပိုင်းက (၁၂) ပြည်နယ်ကျော်မှာ ဖြစ်ပြီး လူပေါင်း သန်း (၆၀၀) ကျော် လျှပ်စစ်မီးမရှိဘဲ နေခဲ့ရပါတယ်။ အဲဒီ မီးပျက်တဲ့ ပြည်နယ်တွေဟာ သူတို့သုံးစွဲဖို့ သတ်မှတ်ထား တဲ့ ပမာဏထက် ကျော်လွန်ပြီး သုံးစွဲခဲ့လို့ လျှပ်စစ်မီး ဖြန့်ဝေမှုစနစ်မှာ ထိခိုက်မှု ရှိခဲ့တာဖြစ်ပါတယ်လို့ အိန္ဒိယ လျှပ်စစ်စွမ်းအင်ဝန်ကြီး Sushil Kumar Shinde က ပြောပါတယ်။ ဒါပေမယ့် တကယ့်အကြောင်းအရင်းမှန်ကို သိရဖို့ စောသေးတယ်လို့ လျှပ်စစ် မီးဖြန့်ဝေရေး ကော်ပိုရေးရှင်းအကြီးအကဲက ဆိုပါတယ်ရှင်။
XS
SM
MD
LG