သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယဗုံးကွဲမှု အမေရိကန် ပြစ်တင်ဝေဖန်


အိန္ဒိယနိုင်ငံတောင်ပိုင်း Andhra Pradesh ပြည်နယ် မြို့တော် Hyderabad မြို့မှာ ဗုံးပါက်ကွဲမှုဖြစ်ပွါးစဉ် (ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃။)
အိန္ဒိယနိုင်ငံတောင်ပိုင်း Andhra Pradesh ပြည်နယ် မြို့တော် Hyderabad မြို့မှာ ဗုံးပါက်ကွဲမှုဖြစ်ပွါးစဉ် (ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃။)
India နိုင်ငံတောင်ပိုင်း Andhra Pradesh ပြည်နယ် မြို့တော် Hyderabad မြို့မှာ ဗုံးတွေ ပေါက်ကွဲခဲ့လို့ ၁၂ ယောက်ထက် မနည်းသေဆုံးပြီး ၇၈ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ မြို့ထဲက လူစည်ကားတဲ့ Dil Sukh ရပ်ကွက်က ရုပ်ရှင်ရုံတခု အပြင်ဖက်နဲ့ အနားက ကားမှတ်တိုင် တခုမှာ ကြာသပတေးနေ့ညပိုင်းက မိနစ်ပိုင်းပဲခြားပြီး ဗုံး ၂ လုံးထက် မနည်းပေါက်ကွဲခဲ့တယ်လို့ ရဲကပြောပါတယ်။ စက်ဘီးတွေမှာ ဗုံးတွေ ထောင်ထားတာဖြစ်တယ်လို့ ရဲကဆိုပါတယ်။

ဒီတိုက်ခိုက်မှုအပေါ် အမေရိကန် အစိုးရက ဝေဖန်ပြစ်တင်လိုက်ပြီး India တာဝန်ရှိသူတွေ လိုအပ်တဲ့ အကူအညီမှန်သမျှပေးဖို့ အဆင်သင့်ပဲလို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Victoria Nuland ကပြောကြားခဲ့ပါတယ်။

ဒီဖေါက်ခွဲမှုတွေဟာ ယုတ်မာတဲ့ လုပ်ရပ်ဖြစ်ပြီး အပြစ်ရှိသူတွေကို အရေးယူ သွားမှာဖြစ်တယ်လို့ India ဝန်ကြီးချုပ် Manmohan Singh ကပြောပါတယ်။ အကြမ်းဖက်သမားတွေလုပ်ပုံရတဲ့ ဗုံးခွဲမှုတွေနောက်မှာ ပြည်သူတွေကို တည်တည်ငြိမ်ငြိမ်ရှိကြဖို့လဲ ဝန်ကြီးချုပ်က ပန်ကြားခဲ့ပါတယ်။

တာဝန်ရှိသူတွေအနေနဲ့ တိုက်ခိုက်မှုတွေနဲ့ ပါတ်သက်လို့ သတင်း အချက်အလက်
အသေးစိတ် မသိရသေးပေမဲ့ တိုက်ခိုက်မှုတခု လုပ်နိုင်ခြေရှိတဲ့ သတင်း အချက်အလက်တွေကိုတော့ ရခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး Sushil Kumar Shinde က သတင်းထောက်တွေကို ပြောပါတယ်။
XS
SM
MD
LG