သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုဒ္ဓဂါယာမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား


ဗုဒ္ဓဂါယာမှာ စောင့်ကြပ်နေတဲ့ အိန္ဒိယလုံခြုံရေးဝန်ထမ်းတဦး။ (ဇူလိုင်လ ၇ ရက်၊ ၂၀၁၃)။
ဗုဒ္ဓဂါယာမှာ စောင့်ကြပ်နေတဲ့ အိန္ဒိယလုံခြုံရေးဝန်ထမ်းတဦး။ (ဇူလိုင်လ ၇ ရက်၊ ၂၀၁၃)။
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဗုဒ္ဓဂါယာမှာ ဗုံးတွေပေါက်ကွဲခဲ့လို့ ဘုရားဖူး ၂ ယောက် ထိခိုက် ဒဏ်ရာရပြီး၊ အပျက်အစီး တချို့ ရှိခဲ့ပါတယ်။ ဗုဒ္ဓဂါယာ ပရဝဏ်တဝိုက်မှာ ဒီကနေ့ တနင်္ဂနွေနေ့ ဗုံး ၈ လုံး ပေါက်ကွဲခဲ့တယ်လို့ အိန္ဒိယ အာဏာပိုင်တွေက ပြောပါတယ်။ ဗုံးကွဲမှုကြောင့် မြန်မာနဲ့ တိဘက် လူမျိုး ၂
ယောက် ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။

UNESCO က ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့ မဟာဗောဓိစေတီ တံခါးပေါက်လည်း တံခါးပျက်စီးသွားခဲ့ပါတယ်။ မပေါက်ကွဲသေးတဲ့ ဗုံး ၂ လုံးကို တေ့ွရှိခဲ့လို့ စနက်တံ ဖြုတ်ခဲ့ရပါတယ်။
ဘာသာရေးနဲ့ ပတ်သက်တဲ့ နေရာတွေအပေါ် တိုက်ခိုက်မှုကို ဘယ်တော့မှ သည်းခံမှာ မဟုတ်ဘူးလို့ အိန္ဒိယ ဝန်ကြီးချုပ် Manmohan Singh ကပြောပြီး ဗုံးခွဲမှုတွေကို အပြစ်တင်လိုက်ပါတယ်။

ဒီတိုက်ခိုက်မှုအတွက် ဘယ်အဖွဲ့အစည်းကမှ တာဝန်ခံပြောခြင်းမရှိပေမဲ့ စစ်သွေးကြွတွေဟာ ဗုဒ္ဓဂါယာကို တိုက်ခိုက်ဖို့ စီစဉ်နေပုံရတယ်လို့ ညွှန်ပြနေတဲ့ ထောက်လှမ်းရေးသတင်းတွေ ရရှိတယ်လို့ အိန္ဒိယ ရဲတပ်ဖွဲ့ဘက်ကရော အတိုက်အခံခေါင်းဆောင်တွေ ဘက်ကပါ ပြောပါတယ်။

အိမ်နီးချင်း မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေကြား မကြာခင်ကဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ စစ်သွေးကြွတွေဘက်က တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ ထောက်လှမ်းရေး သတင်းတွေရတယ်လို့ ပြောပါတယ်။
XS
SM
MD
LG