သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ ဆန္ဒပြပွဲကြောင့် နယူးဒေလီမှာ ရေပြတ်


နယူးဒေလီမှာ ရေပြတ်နေပုံ
နယူးဒေလီမှာ ရေပြတ်နေပုံ

အိန္ဒိယ နိုင်ငံ အရှေ့မြောက်ပိုင်း ပြည်နယ် တခုမှာ နှစ်ရက်ကြာ အကြမ်းဖက် ဆန္ဒပြမှုတွေကြောင့် လူသေဆုံးတဲ့အထိ ရှိလာနေပြီး နယူးဒေလီမြို့တော်မှာလည်း ရေပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

အိန္ဒိယ ဆန္ဒပြပွဲ
အိန္ဒိယ ဆန္ဒပြပွဲ

ဟာရားနား ပြည်နယ်မှာ စိုက်ပျိုးရေး အဓိက လုပ်ကိုင်တဲ့ ကျေးလက်နေ Jat မျိုးနွယ်ဝင်တွေ သီတင်းတပတ်ကြာ ဆန္ဒပြနေကြတာပါ။ Jat မျိုးနွယ်ဝင်တွေက အစိုးရ အလုပ်အကိုင်တွေနဲ့ တက္ကသိုလ် ဝင်ခွင့်တွေအပါအဝင် ပြည်ထောင်စုနဲ့ ပြည်နယ်ရဲ့ အကျိုးခံစားခွင့်တွေ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ ဒီဆန္ဒပြပွဲတွေက ပြီးခဲ့တဲ့ သောကြာနေ့မှာ အကြမ်းဖက်မှု အသွင် ဆောင်လာပါတယ်။

ဆန္ဒပြသူတွေက အိမ်တွေနဲ့ ရထားဘူတာရုံတွေကို မီးတင်ရှို့ပြီး ဟာရားနားပြည်နယ်ကနေ နယူးဒေလီကို ရေသွယ်ထားတဲ့ တူးမြောင်းတခုက ရေသယ်ယူပို့ဆောင်ပေးနေတဲ့ ကိရိယာတွေကိုလည်း ဖျက်ဆီးခဲ့ကြတာပါ။ ဆန္ဒပြသူတွေကို ရဲတွေက ပစ်ခတ်ခဲ့လို့ လူ ၁၀ ဦးလည်း သေဆုံးခဲ့ရပါတယ်။ ထိပ်တိုက်တွေ့မှုတွေ အတွင်း လူ ၁၅၀ လောက်လည်း ဒဏ်ရာရခဲ့ပါတယ်။

နယူးဒေလီ မြို့တော်မှာ ရေရရှိမှုကို ထိန်းသိမ်းထားနိုင်ဖို့ မြို့ခံတွေ အတွက် ရေကို ခွဲတမ်းနဲ့ ဖြန့်ဝေမှာ ဖြစ်ပြီး မနက်ဖြန် တနလာၤနေ့မှာ ကျောင်းတွေ ပိတ်ထားမယ်လို့ နယူးဒေလီ အုပ်ချုပ်ရေးမှူး Arvind Kejriwal က ဒီကနေ့ တနင်္ဂနွေနေ့မှာ ကြေညာထားပါတယ်။ အိန္ဒိယ နိုင်ငံမှာ ဇာတ်နိမ့်တွေကို ခွဲခြားဆက်ဆံတာကို တန်ပြန်လုပ်ဆောင်ဖို့ ရည်ရွယ်တဲ့ အထူးအခွင့်အရေး ပေးရေး ဆိုင်ရာ မူဝါဒ တရပ်ကို ချမှတ်ထားပါတယ်။

XS
SM
MD
LG