သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မော်ဝါဒီသူပုန်တိုက်ခိုက်မှု အိန္ဒိယကွန်ကရက်ပါတီဝင် တချို့သေဆုံး


မော်ဝါဒီတွေတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေအတွက် ဝမ်းနည်းခြင်းအခမ်းအနားကို တက်ရောက်လာသော အိန္ဒိယဝန်ကြီးချုပ် မဲန်မိုဟန် ဆဲင်းဂ်။ (မေ ၂၆၊ ၂၀၁၃။)
မော်ဝါဒီတွေတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေအတွက် ဝမ်းနည်းခြင်းအခမ်းအနားကို တက်ရောက်လာသော အိန္ဒိယဝန်ကြီးချုပ် မဲန်မိုဟန် ဆဲင်းဂ်။ (မေ ၂၆၊ ၂၀၁၃။)
အိန္ဒိယနိုင်ငံအရှေ့ပိုင်းမှာ မော်ဝါဒီသူပုန်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဒေသခံ အာဏာရ ကွန်ကရက်ပါတီတာဝန်ရှိသူတွေ အပါအဝင် ၂၇ ဦးထက်မနည်းသေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

Chhattisgarh ပြည်နယ်ရဲ့ တောတောင်ထူထပ်တဲ့ Sukuma ဒေသမှာ ခရီးထွက်နေတဲ့ ကွန်ကရက်ပါတီဝင်တွေရဲ့ ယာဉ်တန်းကို အင်အားအတော်များတဲ့ မော်ဝါဒီသူပုန်တွေ က စနေနေ့နေ့လည်ပိုင်းကတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မော်ဝါဒီသူပုန်တွေကိုနှိမ်နင်းဖို့ ဒေသခံ Salwa Judum ပြည်သူ့စစ်တပ်ဖွဲ့ ထူထောင်သူ ပြည်နယ်ကွန်ကရက်ပါတီတာဝန်ခံ Mahendra Karma လည်း သေဆုံးသူတွေထဲမှာ ပါဝင်ပါတယ်။ ပြည်နယ်ကွန်ကရက်ပါတီအကြီးအကဲ Nand Kumar Patel နဲ့ သူ့ရဲ့ သားလည်းသေဆုံးခဲ့ပါတယ်။

အဲဒီပြည်နယ်မှာ ကွန်ကရက်ပါတီကအဓိကအင်အားအများဆုံးဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပမယ့်ရွေးကောက်ပွဲအတွက် စည်းရုံးလှုံ့ဆော်ပြီးအပြန်မှာ အတိုက်ခံရတာ ဖြစ်ပါတယ်။
ကွန်ကရက်ပါတီဥက္ကဋ္ဌ Sonia Gandhi က ဒီတိုက်ခိုက်မှုဟာ အိန္ဒိယနိုင်ငံရဲ့ ဒီမိုကရေစီ အနှစ်သာရတွေကို တိုက်ခိုက် လိုက်တာဘဲလို့ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ဝန်ကြီးချုပ် Manmohan Singh ကတော့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူသွားမယ်လို့ ဆိုပါတယ်။
XS
SM
MD
LG