သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးပြုပြင်မှု အိန္ဒိယအစိုးရအဆိုပြု


အိန္ဒိယဘဏ္ဍာရေးဝန်ကြီး P. Chidambaram
အိန္ဒိယဘဏ္ဍာရေးဝန်ကြီး P. Chidambaram
တိုးတက်မှုနှူန်း နှေးကွေးနေတဲ့ အိန္ဒိယနိုင်ငံ စီးပွားရေးကို တွန်းအားပေးဖို့ ရည်ရွယ်ပြီးတော့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အဆိုပြုချက်အသစ်တွေကို အိန္ဒိယအစိုးရ က ရှေ့တိုးဆောင်ရွက်နေပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အာမခံလုပ်ငန်းမှာ နိုင်ငံခြားသားတွေ တိုက်ရိုက် ရင်းနှီးမြုတ်နှံခွင့်ကို ၂၆% ကနေ ၄၉% အထိ တိုးပြီးတော့ ရင်းနှီးခွင့်ပြုဖို့အတွက် ဝန်ကြီးအဖွဲ့က ကြာသပတေးနေ့တုန်းက အတည်ပြုခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံရဲ့ ပင်စင်ကဏ္ဍမှာ နိုင်ငံခြားကနေ တိုက်ရိုက်ရင်းနှီးမြုတ်နှံခွင့်ကို ပထမဆုံးအကြိမ် ပြည်ထောင်စုဝန်ကြီးတွေက ခွင့်ပြုလိုက်ပါတယ်။ ဝန်ကြီးအဖွဲ့ အတည်ပြုလိုက်တဲ့ကိစ္စတွေကို ဘဏ္ဍာရေးဝန်ကြီး P Chidambaram က ကြေငြာခဲ့ပြီးတော့ ဒီအပြောင်းအလဲတွေကို လွှတ်တော်က အတည်ပြုပေးဖို့ အတွက်ကိုလည်း တိုက်တွန်းသွားပါတယ်။

စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ကန့်ကွက်တဲ့အနေနဲ့ ကွန်ကရက်ပါတီဦးဆောင်တဲ့ လက်ရှိအာဏာရညွန့်ပေါင်းအဖွဲ့ထဲကနေ နှုတ်ထွက်သွားခဲ့တဲ့အတွက် အာဏာရညွန့်ပေါင်းအဖွဲ့ဟာ ဥပဒေပြုလွှတ်တော်မှာ လူနည်းစုဖြစ်သွားခဲ့ရပါတယ်။
XS
SM
MD
LG