သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယနိုင်ငံထက်ဝက် လျှပ်စစ်ပြတ်တောက်


Officials pose in the backdrop of an atrium roof fitted with glass solar cells at The Energy and Resources Institute, TERI, office during the inauguration of the Smart Mini-Grid, in Gurgaon, India, Friday, July 1, 2011. A Smart Mini-Grid is an intelligent
Officials pose in the backdrop of an atrium roof fitted with glass solar cells at The Energy and Resources Institute, TERI, office during the inauguration of the Smart Mini-Grid, in Gurgaon, India, Friday, July 1, 2011. A Smart Mini-Grid is an intelligent
အိန္ဒိယနိုင်ငံမှာ လျှပ်စစ်မီးလိုင်းတွေ ပျက်ရာက လူဦးရေရဲ့ ထက်ဝက်ကျော် သန်းပေါင်း ၆၀၀ ကျော်ဟာ မီးမရပဲ နေထိုင် နေကြရပါတယ်။ ရက်ပေါင်း အတော်ကြာ မီးပျက်နေတဲ့ အထဲမှာ ဒုတိယ အဆိုးဆုံး အဖြစ် နယူးဒေလီ မြို့တော်၊ Kolkata စတဲ့မြို့ကြီးတွေ အပါအဝင် နိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့ ပိုင်း ဒေသတွေ က ပြည်နယ် ၁၂ ခုမှာ ဒီကနေ့ လျှပ်စစ်မီးတွေ ပြတ်တောက်နေတာပါ။

နယူးဒေလီ မြို့တော်မှာ မီးရထားတွေ မပြေးဆွဲနိုင်ဘဲ ရပ်ထားရသလို၊ လမ်းမီးပွိုင့်တွေလည်း မီး မလာ ဘဲ ဖြစ်နေပါတယ်။ အနောက်ဘန်ဂေါ ပြည်နယ်မှာ ဆိုရင်လည်း သတ္ထုတွင်းတူး လုပ်သား ရာပေါင်း များစွာဟာ မီးပျက်သွားတဲ့ အတွက် တွင်းထဲမှာ ပိတ်မိနေကြပါတယ်။ လူပေါင်း သန်း ၃၀၀ ကျော် မီးပျက်တဲ့ ဒဏ်ခံနေရတဲ့ မြောက်ပိုင်းဒေသမှာ လျှပ်စစ်မီး ကုမ္ပဏီတွေက မနေ့က နှောင်းပိုင်းမှာပဲ မီးတွေ ပြန်ပေးနိုင်ခဲ့ပေမဲ့ ဒီကနေ့ နေ့လယ်ပိုင်းမှာတော့ ဓာတ် မဟာလိုင်း ပြန်ပျက်သွားခဲ့တာပါ။

အိန္ဒိယနိုင်ငံမှာ လျှပ်စစ်မီး အလုံအလောက် မရတာဟာ မဆန်းလှပေမဲ့ အခုလို လူပေါင်းသန်းနဲ့ချီ မီးပျက်တဲ့ အဖြစ်မျိုးကြောင့် စီးပွားရေးမှာ မဟာအင်အားကြီး တိုင်းပြည်တခုဖြစ်ဖို့ ကြိုးစားနေတဲ့ နိုင်ငံ တခုအဖြစ် အခြေခံ အဆောက်အအုံ လိုအပ်ချက်တွေ ရှိနေတာကို ထောက်ပြရာ ရောက်နေတယ်လို့ ဆန်းစစ်သူတွေက မြင်ကြပါတယ်။

လူဦးရေ သန်းပေါင်း ၁,၂၀၀ ကျော်ရှိတဲ့ အိန္ဒိယမှာ လျှပ်စစ်မီးရဖို့ ကျောက်မီးသွေးကနေ အဓိကထား ထုတ်လုပ် နေတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG