သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွမ်ဘိုင်းတိုက်ခိုက်မှု ကျုးလွန်သူ အိန္ဒိယ သေဒဏ်စီရင်


မွမ်ဘိုင်းတိုက်ခိုက်မှု ကျူးလွန်သူကို ကွပ်မကျ်ပြီးနောက် အလောင်းကို သယ်ဆောင်လာစဉ်။ (ဇူလိုင် ၃၀၊ ၂၀၁၅)
မွမ်ဘိုင်းတိုက်ခိုက်မှု ကျူးလွန်သူကို ကွပ်မကျ်ပြီးနောက် အလောင်းကို သယ်ဆောင်လာစဉ်။ (ဇူလိုင် ၃၀၊ ၂၀၁၅)

အိန္ဒိယနိုင်ငံ Mumbai မြို့မှာ ၁၉၉၃ ခုနှစ်က လူပေါင်း ၂၅၇ ဦး သေဆုံးသွားခဲ့ရတဲ့ ဗုံးခွဲတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်ခဲ့သူ Yakub Memon ကို ဒီကနေ့ အစောပိုင်းကပဲ ကွပ်မျက်လိုက်ပါတယ်။ သူ့ရဲ့ နောက်ဆုံးအဆင့် လွတ်ငြိမ်းခွင့် တောင်းခံမှုု ပယ်ချခံခဲ့ရပြီးတဲ့နောက် နာရီပိုင်းအကြာမှာဘဲ အသက် ၅၃ နှစ်အရွယ် Memon ကို ရဲအစောင့်အကြပ် တင်းတင်းကျပ်ကျပ် ချထားတဲ့ Nagpur မြို့မှာဘဲ ကြိုးပေး ကွပ်မျက်လိုက်တာပါ။

Bombay စတော့ ရှယ်ရာဈေးကွက်၊ Air India လေကြောင်းကုမ္ပဏီ ရုံးခန်းတွေ၊ ဟိုတယ်တွေနဲ့ ရုပ်ရှင်ရုံတွေ အပါအဝင် မွန်ဘိုင်းမြို့က နေရာအနှံ့အပြားမှာ ဗုံးခွဲတိုက်ခိုက်ဖို့ ကြုံစည်မှု၊ ငွေကြေးထောက်ပံ့ပေးမှုတွေနဲ့ သူ့ကို ၂၀၀၇ ခုနှစ်အတွင်းက ပြစ်ဒဏ် ချမှတ်ခဲ့တာပါ။ ဒီလိုတိုက်ခိုက်မှုအတွက် အခြားလူ ၁၀ ဦးကိုလည်း သေဒဏ်ပေးခဲ့ပြီး နောက်ပိုင်းမှာတော့ တသက်တကျွန်း ပြစ်ဒဏ် အဖြစ် ပြောင်းလဲချမှတ်ခဲ့ပါတယ်။

တိုက်ခိုက်မှုအတွက် စီစဉ်ညွှန်ကြားသူတွေအဖြစ် စွပ်စွဲခံထားရတဲ့ Memon ရဲ့အစ်ကိုကြီး Tiger Memon နဲ့ ဂိုဏ်းခေါင်းဆောင် Dawood Ibrahim ကတော့ လွတ်မြောက်နေဆဲဖြစ်ပါတယ်။

လူ့အခွင့်အရေးအဖွဲ့ Amnesty International ကတော့ အိန္ဒိယနိုင်ငံရဲ့ ခုလိုသေဒဏ်ချမှတ်မှုအပေါ် ဝေဖန်လိုက်ပြီး ခုလို စီရင်တဲ့အတွက် ၁၉၉၃ မွန်ဘိုင်းဗုံံးခွဲမှုမှာ တရားမျှတအောင် ဆောင်ရွက် ပေးနိုင်မှာ မဟုတ်ဘူးလို့ အိန္ဒိယနိုင်ငံဆိုင်ရာ Amnesty International အကြီးအကဲ Aakar Patel က ပြောပါတယ်

XS
SM
MD
LG