သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယရေဘေး လူဒါဇင်နဲ့ချီသေဆုံး


အိန္ဒိယနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးတဲ့မြင်ကွင်း။
အိန္ဒိယနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးတဲ့မြင်ကွင်း။
အိန္ဒိယနိုင်ငံ အရှေ့တောင်ဘက်ဒေသမှာ မိုးသည်းထန်၊ ရေလွှမ်းမိုးမှုတွေကြောင့် ဒီကနေ့အထိဆိုရင် လူပေါင်းဒါဇင်နဲ့ချီ သေဆုံးပြီး ထောင်သောင်းချီပြီး ဘေးလွတ်ရာ ပြောင်းရွှေ့ပေးနေရတဲ့အကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

Andhra Pradesh နဲ့ သြရိဿ ပြည်နယ်တွေမှာ တနင်္လာနေ့ကစလို့ မိုးသည်းထန် ရွာသွန်းရာက ရေကြီးမှုတွေ ကြုံခဲ့ရပြီးနောက် အနည်းဆုံး လူပေါင်း ၃၉ ယောက် သေဆုံးခဲ့တဲ့အကြောင်း အာဏာပိုင်တွေကို ကိုးကားပြီး အိန္ဒိယနိုင်ငံက သတင်းတွေက ဖော်ပြနေကြတာပါ။

သေဆုံးသူတွေထဲမှာတော့ ရေနောက်မျောပါပြီး ရေနစ်တာ၊ အိမ်နံရံတွေပြိုကျ တာတွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။ အိမ်ပေါင်း ရာနဲ့ချီ ရေနစ်မြုပ် နေရသလို ကောက်ပဲသီးနှံတွေလည်း ရေနစ်မြုပ် ထိခိုက်ပျက်စီးကုန်ကြပါတယ်။

ရေကြီးမှုကြောင့် ရထားဆက်သွယ်ရေး လုပ်ငန်းတွေကိုလည်း ရပ်ဆိုင်း ထားရတာပါ။ ရေဘေးဒဏ်ခံရသူတွေကိုတော့ အရေးပေါ် ကယ်ဆယ်ရေး လုပ်သားတွေက လှေတွေ၊ ရဟတ်ယာဉ်တွေနဲ့ အကူအညီပေးနေကြပြီး ဒုက္ခသည်တွေကိုတော့ ယာယီစခန်း ၁၇၈ ခုမှာ လတ်တလော နေရာချထားပေးတဲ့အကြောင်း ဒေသခံအရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်း တာဝန်ရှိသူတွေက ပြောပါတယ်။

၁၄ နှစ်အတွင်း အပြင်းဆုံးမုန်တိုင်းတခုဖြစ်တဲ့ ဆိုင်ကလုန်း Phailin ဒဏ်ခံခဲ့ရ အပြီး သီတင်း ၂ ပတ်အကြာမှာပဲ Andhra Pradesh နဲ့ သြရိဿ ပြည်နယ်တွေဟာ ရေဘေးဒဏ်နဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG