နိုင်ငံတကာ

အာသံ-မူစလင် ပဋိပက္ခ တည်ငြိမ်ရေး ၀န်ကြီးချုပ်ကြိုးပမ်း

x

မီဒီယာ

အသံ
TEXT SIZE - +
ဗွီအိုအေ (မြန်မာဌာန)
အိန္ဒိယနိုင်ငံမှာ ဘန်ဂလော (Bangalore)၊ ချန်နိုင်း (Chennai)၊ ဟိုက်ဒရာဘက် (Hyderabad) နဲ့ ပူနီး (Pune) စတဲ့ တောင်ပိုင်းမြို့တွေမှာ အလုပ်လာလုပ်နေကြတဲ့ အရှေ့မြောက်ပိုင်းသား အမြောက်အများ ဘေးလွတ်ရာ ထွက်သွားနေကြတဲ့ အခြေအနေကို ၀န်ကြီးချုပ် မန်မိုဟန်ဆင်း (Manmohan Singh) က တည်ငြိမ်အောင် ကြိုးစားနေပါတယ်။

နိုင်ငံ အရှေ့မြောက်ပိုင်းမှာ Bodo မူလ ဒေသခံ တိုင်းရင်းသားတွေနဲ့ မူစလင်တွေကြား လတ်တလော ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးအခြေခံတဲ့ အကြမ်းဖက်မှုတွေကြောင့် လက်ကိုင်ဖုန်း Text Message တွေ၊ အင်တာနက်တွေက တဆင့် မူစလင်တွေက လက်စားခြေ တိုက်ခိုက်မှုတွေ လုပ်လိမ့်မယ်ဆိုတဲ့ ဘယ်သူ ဖြန့်မှန်းမသိတဲ့ သတင်းစကားတွေကြောင့် ခုလို တောင်ပိုင်းမြို့တွေမှာ လာရောက် အခြေချနေထိုင်သူတွေ စိုးရိမ်ပြီး ဘေးကင်းရာကို ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။

ခြိမ်းခြောက်မှုတွေကြောင့် ရာမဒန် (Ramadan) ဥပုသ်လ ကုန်မယ့် ဒီနေ့ စနေနေ့ မတိုင်ခင် နေရပ်ပြန်နိုင်ဖို့ အာသံပြည်နယ်က မီးရထား ဘူတာရုံတွေမှာ လူတွေ ပြည့်ကြပ်နေပါတယ်။ လုံခြုံရေးတွေ တိုးမြင့်ထားပြီး လူတွေကိုလည်း စိတ်အေးအေးထားကြဖို့ ဘန်ဂလော ပြည်နယ် ရဲချုပ်က ပြောကြားခဲ့ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ထိတ်လန့်နေကြတဲ့ အခြေအနေကို ထိန်းဖို့အတွက်လည်း လူ ၅ ယောက်ထက်ပိုပြီး Text Message ပို့တာကို အစိုးရက တားမြစ်ထားပါတယ်။

အပတ်စဉ် တီဗွီမဂ္ဂဇင်း

Loading
๑๒:๐๐:๐๐ / -:--:--
တပတ်အတွင်း မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်းသတင်းများ၊ အမေရိကန်နိုင်ငံရောက် ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ တွေ့ဆုံမေးမြန်းခန်းနဲ့ နိုင်ငံတကာ နဲ့ Hollywood ထင်ပေါ်ကျော်ကြား အနုပညာရှင်များအကြောင်း သက်တန့်ရောင်သတင်လွှာ ...

ကမ္ဘာ့သတင်း စက္ကန့် ၆၀

Loading
๑๒:๐๐:๐๐ / -:--:--