သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ် စစ်ဆေးရေးမှာ မြန်မာမြေထဲ အိန္ဒိယတပ် ဝင်ရောက်မှု မရှိ


Цветы, свечи и записки на месте теракта
Цветы, свечи и записки на месте теракта

အိန္ဒိယစစ်တပ်က မြန်မာ့နယ်နိမိတ်ကို ကျော်လွန်ပြီး နာဂ သူပုန် တွေကို တိုက်ခိုက်ခဲ့တာ မဟုတ်ဘဲအိန္ဒိယ ဘက်ခြမ်းမှာသာ တိုက်ပွဲတွေ ဖြစ်ပွား ခဲ့တာ ဖြစ်တယ်လို့ မြန်မာဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးက လာရောက် ရှင်းလင်းပြောဆိုခဲ့တဲ့ အကြောင်း မြန်မာ အစိုးရက ပြောဆိုလိုက်ပါတယ်။ အိန္ဒိယတို့ဘက်က မြန်မာ့အချုပ်အချာ အာဏာပိုင်မှုကို အလေးထား သလို မြန်မာဘက်ကလည်း မြန်မာ့ နယ်နိမိတ်ကို အသုံးပြုပြီး အိန္ဒိယ အစိုးရကို တိုက်ခိုက်နေတာတွေကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ လည်း မြန်မာ ဘက်က ပြောဆိုပါတယ်။ နာဂသူပုန် အရေး အိန္ဒိယ မြန်မာ နှစ်နိုင်ငံ ဘယ်လို မူဝါဒနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရှိလဲ ဆိုတာကိုတော့ မသိင်္ဂ ီထိုက်က တင်ပြပေးပါမယ်။

အိန္ဒိယ စစ်တပ်နဲ့ နာဂ သူပုန် အဖွဲ့ NSCN-Kaplang တို့ ဒီလ အစပိုင်းမှာ နှစ်ဘက် တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယ စစ်တပ်က မြန်မာ ဘက်ခြမ်းက နာဂ သူပုန် စခန်းတွေကို အထူးစစ်ဆင်ရေး ဆင်နွှဲခဲ့တယ်လို့အိန္ဒိယ စစ်တပ်က ပြောဆို ခဲ့တာ ဖြစ်ပါတယ်။ မြန်မာ အစိုးရဘက်ကတော့ အိန္ဒိယ စစ်တပ်နဲ့ နာဂ သူပုန်တို့ ဟာ အိန္ဒိယ မြန်မာ နယ်စပ် အိန္ဒိယ ဘက်ခြမ်းက မိုဘိုင်လွတ် ကျေးရွာမှာ ထိတွေ့ခဲ့တာ ဖြစ်ပြီး ဒီရက်ပိုင်းအတွင်းမှာဘဲ မြန်မာဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး ကလည်း တိုက်ပွဲ ကိစ္စကို မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနကို လာရောက် ရှင်းလင်းခဲ့ပြီး ဖြစ်တယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

"အိန္ဒိယသံအမတ်ကြီးက ကျနော်တို့ နိုင်ငံခြားရေးဒုဝန်ကြီး ဦးသန့်ကျော်ကို ၉ရက်နေ့ မနက်မှာ လာတွေ့တယ်။ လာတွေ့ပြီးတော့ အဲ့ဒီ့ဘက်က လုပ်တဲ့ကိစ္စတွေကို လာပြီးရှင်းတယ်။ ရှင်းတဲ့အချိန်မှာ အိန္ဒိယသံအမတ်ကြီးကိုယ်တိုင် Confirm မေးပြီး အတည်ပြု ပြောကြားသွားတာက အဲ့ဒီ့ Operationက အိန္ဒိယနယ်မြေ ပိုင်နက်ထဲမှာ Border line နားမှာရှိတဲ့ အိန္ဒိယနယ်မြေ ပိုင်နက်ထဲမှာပဲ လုပ်ခဲ့ပါတယ် ဆိုပြီး ပြောသွားတယ်။

နောက်တချက်က အိန္ဒိယနိုင်ငံအနေနဲ့ နှစ်နိုင်ငံ နယ်စပ်ဆိုင်ရာ သဘောတူညီ ချက်တွေကို လိုက်နာဆောင်ရွက်လျက်ရှိတယ်။ ရှိပါတယ်ဆိုပြီး အာမခံပြီး ပြော သွားတယ်။

အော် နောက်တချက်က ကျနော်တို့နိုင်ငံရဲ့ တပ်မတော်ပေါ့နော် ။ တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေရဲ့ မြေပြင် ကနေပြီးတော့ ပေးပို့ချက်တွေအရ ဒီကိစ္စက ကျနော်တို့ အိန္ဒိယမြန်မာ နယ်စပ် အောင်ဇေယျစခန်းရဲ့ အနောက်ဖက် ဆယ်မိုင်အကွာ မိုဘိုင်ညွန့်..ကျေးရွာဆိုတာ အိန္ဒိယနိုင်ငံဘက်ခြမ်းမှာ ရှိတဲ့ ကျေးရွာမှာ ဖြစ်ပွားခဲ့တယ်ဆိုပြီး အစီရင်ခံချက် သတင်းတွေရတယ်။ "

မြန်မာ့ နယ်နိမိတ် အတွင်းမှာ စခန်းချပြီး အိန္ဒိယ အစိုးရကို တိုက်ခိုက်နေတဲ့ နာဂ သူပုန် ကိစ္စဟာ နှစ်နိုင်ငံတို့ကြား မကြာခဏ ဆိုသလို ဆွေးနွေးနေကြတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ သူပုန်တွေဟာ မြန်မာ့ပိုင်နက်မှာ အခြေစိုက်ပြီး အိန္ဒိယကို တိုက်ခိုက်နေတဲ့ သူပုန် စခန်းပေါင်း အနည်းဆုံ ၁၇ ခုတို့ရဲ့ တည်နေရာတွေကို လည်း ထောက်လှမ်းရေး အဖွဲ့တွေက ဖော်ထုတ် ပြော ထားပြီး ဖြစ်တယ်လို့လည်း အိန္ဒိယ သတင်းတွေက ဖော်ပြနေကြပါတယ်။

မြန်မာ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကတော့ နှစ်ဘက် နေထိုင်ကြတဲ့ တိုင်းရင်းဒေသခံ တွေကြား ရောထွေးမှု ဖြစ်နိုင်ပါတယ်လို့ ပြောဆိုပါတယ်။

"ကျနော်တို့နိုင်ငံရဲ့ ပိုင်နက်နယ်မြေကို အသုံးချပြီးဖြစ်စေ၊ နောက်တချက် က ခြေကုတ်ယူတာတို့ ဘာတို့ အဲ့လိုမျိုး ဖြစ်စေ အိမ်နီးချင်းနိုင်ငံ မိခင်နိုင်ငံ ကို ပြန်ပြီးတော့ ဒုက္ခပေးတာ၊ အကြမ်းဖက်တိုက်ခိုက်တာ ကျနော်တို့ လုံးဝ လက်ခံမှာ မဟုတ်ဘူး။ အဲ့တာနဲ့ပတ်သက်ပြီးတော့ ဒီလို သူများနိုင်ငံ အိမ်နီးချင်းနိုင်ငံ ကို ပြန်ဒုက္ခပေးတဲ့ အဲ့နိုင်ငံသားတွေ ကျနော်တို့ နိုင်ငံထဲ ရောက်လာတယ် ဆိုရင် ကျနော်တို့က အပြည့်အဝ ယ်ဆိုတဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ နှိမ်နင်း မယ်ပေါ့နော်။ နှစ်နိုင်ငံ နှိမ်နင်းဆောင်ရွက်သွားမယ်ဆိုတဲ့ မူဝါဒရှိပါတယ်။"

သူပုန်တွေကို နှိမ်နင်းဖို့ မြန်မာ အစိုးရနဲ့ အိန္ဒိယ အစိုးရတို့ကြား သတင်း အချက်အလက်တွေ ဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ လည်းသမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးက ပြောပါတယ်။ တချိန်တည်းမှာဘဲ အိန္ဒိယ အမျိုးသား လုံခြုံရေး အကြံပေး Ajit Doval ဟာလည်း မြန်မာနိုင်ငံကို ဒီလ ၁၈ ရက်နေ့မှာ သွားရောက်ဖို့ ရှိပြီး လက်ရှိ အိန္ဒိယ စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ သူပုန်အဖွဲ့ NSCN- Khaplang ရဲ့ မြန်မာနိုင်ငံတွင်းမှာ ဦးဆောင် လှုပ်ရှားနေသူတွေ ဘယ်သူတွေ ဖြစ်တယ်ဆိုတာကို အဓိက ထား ဆွေးနွေးကြမယ်လို့လည်း အိန္ဒိယ သတင်းတွေက ခန့်မှန်း ရေးသားကြပါတယ်။ သမ္မတရုံးဘက်ကတော့ အိန္ဒိယနဲ့ ဆွေးနွေးမှုတွေ ရှိလာရင် သတင်းထုတ်ပြန် သွားမှာ ဖြစ် တယ်လို့ ပြောဆိုပါတယ်။

XS
SM
MD
LG