သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယသမ္မတအသစ် ကျမ်းသစ္စာကျိန်ဆို


အိန္ဒိယသမ္မတသစ် Pranab Mukherjee ကျမ်းသစ္စာကျိန်ရန် သွားနေစဉ်။ (ဇူလိုင်လ ၂၅ ရက်၊ ၂၀၁၂။)
အိန္ဒိယသမ္မတသစ် Pranab Mukherjee ကျမ်းသစ္စာကျိန်ရန် သွားနေစဉ်။ (ဇူလိုင်လ ၂၅ ရက်၊ ၂၀၁၂။)
အိန္ဒိယနိုင်ငံရဲ့ ၁၃ ယောက်မြောက် သမ္မတအဖြစ် Pranab Mukherjee နယူးဒေလီမြို့တော်က လွှတ်တော်ခန်းမမှာ ဒီကနေ့ ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပါတယ်။ ကွန်ဂရက်ပါတီက ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရရဲ့ ကိုယ်စားလှယ်တဦးအဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ တနင်္ဂနွေနေ့ ရွေးကောက်ပွဲမှာ မဲအားလုံးရဲ့ ၆၉ % ရပြီး သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရတာပါ။

အိန္ဒိယနိုင်ငံမှာ သမ္မတရာထူးက အဆောင်အယောင် သဘောသာဖြစ်ပေမဲ့ ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်း လွှတ်တော်မှာ အစိုးရသစဝ်တရပ် ဖွဲ့စည်းချိန်မှာတော့ သမ္မတသစ် Mukherjee ဟာ အရေးပါတဲ့ အခန်းကဏ္ဍက ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

အသက် ၇၆ နှစ်အရွယ် Mukherjee ဟာ ကွန်ဂရက်ပါတီရဲ့ ထိပ်တန်းခေါင်းဆောင် တဦးဖြစ်ပြီး သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ဖို့အတွက် ဘဏ္ဍာရေးဝန်ကြီး တာဝန်က နုတ်ထွက်ခဲ့သူ ဖြစ်ပါတယ်။
ဒီကနေ့ ကျမ်းသစ္စာကျန်ဆိုပွဲကိုတော့ ဝန်ကြီးချုပ် Manmohan Singh ကွန်ဂရက်ပါတီခေါင်းဆောင် Sonia Gandhi နဲ့ တခြား အစိုးရ အဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
XS
SM
MD
LG