သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ ဆန္ဒပြပွဲရပ်ဖို့ ပိတ်ဆို့ တားဆီး


အိန္ဒိယ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုကို ဆန့်ကျင်ဆန္ဒပြသူများ
အိန္ဒိယ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုကို ဆန့်ကျင်ဆန္ဒပြသူများ
အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အသက် ၂၃ နှစ်အရွယ် ကျောင်းသူတဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တဲ့ကိစ္စအပေါ် ဒေါသထွက်ဆန္ဒပြနေမှုတွေ ရပ်တန့်သွားစေဖို့အတွက် အာဏာပိုင်တွေက နယူးဒေလီမြို့က လမ်းတွေနဲ့ ဘူတာရုံ တွေကို ပိတ်ထားလိုက်ပါတယ်။

မြို့လည်ခေါင် အချက်အခြာကျတဲ့ အိန္ဒိယဂိတ်ရှိတဲ့ နေရာတဝိုက်ကလမ်းတွေကို ရဲတပ်ဖွဲ့က သံဆူးကြိုးတွေနဲ့ ကာရံပိတ်ဆို့ထားပါတယ်။ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းကတော့ လူထုကို ငြိမ်းငြိမ်းချမ်းချမ်း အေးအေးဆေးဆေး နေကြဖို့နဲ့ ဒီဖြစ်ရပ်အပေါ် တရားဥပဒေ အရ အရေးယူ ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း လူထုကို စကားပြောဆိုခဲ့ပါတယ်။

အိန္ဒိယအမျိုးသမီးတွေရဲ့ လုံခြုံစိတ်ချမှုရှိရေးအတွက် လုပ်ဆောင်ပေးနိုင်စရာ ရှိတာမှန်သမျှကို လုပ်ပေးမှာ ဖြစ်တဲ့ အကြောင်းလည်း ဝန်ကြီးချုပ် မန်မိုဟန်ဆင်းကပြောသွားပါတယ်။

အခုလို ကျောင်းသူလေး ရမ်းရမ်းကားကား တိုက်ခိုက်မှုခံခဲ့ရပြီးတဲ့နောက် အိန္ဒိယနိုင်ငံ တဝှမ်း ဒေါသထွက်ခဲ့ကြပြီး ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့တာပါ။ ဖမ်းဆီးထားတဲ့ အဓမ္မပြုကျင့်ခဲ့သူ ၆ ယောက်ကို သေဒဏ် အပြစ်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။
XS
SM
MD
LG