သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ ရုန်းရင်းဆန်ခတ်မှုအတွင်း ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင် သေဆုံး


အိန္ဒိယ ဆန္ဒပြပွဲအတွင်း အထိကရုဏ်းနှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။
အိန္ဒိယ ဆန္ဒပြပွဲအတွင်း အထိကရုဏ်းနှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။
အုပ်စုလိုက် အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အသက် ၂၃ နှစ်အရွယ် ကျောင်းသူလေးရဲ့ အမှုနဲ့ ပတ်သက်ပြီး မကျေနပ်ကြတဲ့ လူထုကြီးရဲ့ ဆန္ဒပြပွဲအတွင်း အိန္ဒိယရဲ တဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပြီးနောက် - နယူးဒေလီဆေးရုံတရုံမှာ သေဆုံးသွားခဲ့ပါတယ်။
ရဲတွေနဲ့ ဆန္ဒပြလူအုပ်အကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း ဒဏ်ရာရခဲ့တာဖြစ်ပြီး - ၂ ရက်ကြာ ဒီကနေ့ အင်္ဂါနေ့မှာပဲ အဲ့ဒီ ရဲ သေဆုံးသွားခဲ့တာဖြစ် တယ်လို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။
ဒီလအစောပိုင်းက ဖြစ်ခဲ့တဲ့ ဆေးကျောင်းသူတဦးကို အုပ်စုလိုက် ရိုက်နှက် အဓမ္မ ပြုကျင့်ခဲ့တဲ့ကိစ္စအပေါ် ကန့်ကွက်ဆန္ဒပြသူတွေ များလာတာ ကြောင့် ဒါကို ရဲတွေက ထိန်းချုပ်ဖို့ ကြိုးစားရင်း - အခုလို ဆူပူမငြိမ်မသက်မှုတွေ ဖြစ်ပေါ်လာခဲ့တာပါ။

ဒီဇင်ဘာလ ၁၆ ရက်နေ့က အဓမ္မပြုကျင့်ခံရသူ မိန်းကလေးနဲ့ သူ့ရဲ့ ယောကျာ်းလေး သူငယ်ချင်း တယောက်ဟာ နယူးဒေလီမြို့မှာ ဘတ်စ်ကား တစင်းကို စင်းလုံးငှားစီးလာပြီးတဲ့နောက် - ဒီကျောင်းသူလေး အခုလို အဖြစ်မျိုးနဲ့ ကြုံတွေ့ခဲ့တာဖြစ်ပါတယ်။ အာဏာပိုင်တွေကတော့ မိန်းကလေး ဟာ ယောကျာ်းအုပ်စုတစုရဲ့ ကြိုးနဲ့တုတ် ရိုက်နှက် အဓမ္မ ပြုကျင့်တာကို ခံခဲ့ရပြီးနောက် ဘတ်စ်ကားပေါ်ကနေ ပစ်ချခဲ့ကြတာဖြစ်တယ်လို့ ပြောဆိုခဲ့ ပါတယ်။

လောလောဆယ်မှာတော့ ဒီမိန်းကလေးဟာ ဆေးရုံပေါ်မှာ အရေးပေါ် ဆေးကုသခံနေဆဲဖြစ်ပါတယ်။ မနေ့ကတော့ ဒေါသထွက်ဆန္ဒပြမှုတွေ ရပ်တန့်သွားစေဖို့အတွက် အာဏာပိုင်တွေဟာ နယူးဒေလီမြို့က လမ်းတွေနဲ့ ဘူတာရုံတွေကို ပိတ်ထားလိုက်ပါတယ်။
XS
SM
MD
LG