သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ ဆေးကျောင်းသူ ရုပ်အလောင်း မီးသဂြုႋဟ်


အဓမ္မပြုကျင့်ခံရပြီး သေဆုံးခဲ့တဲ့ အိန္ဒိယ ဆေးကျောင်းသူလေး အတွက် ဝမ်းနည်းပူဆွေးနေကြစဉ်။ (ဒီဇင်ဘာလ ၂၉ ရက်၊ ၂၀၁၂)။
အဓမ္မပြုကျင့်ခံရပြီး သေဆုံးခဲ့တဲ့ အိန္ဒိယ ဆေးကျောင်းသူလေး အတွက် ဝမ်းနည်းပူဆွေးနေကြစဉ်။ (ဒီဇင်ဘာလ ၂၉ ရက်၊ ၂၀၁၂)။
အိန္ဒိယနိုင်ငံမှာ အုပ်စုလိုက် အဓမ္မပြုကျင့်တာ ခံခဲ့ရတဲ့ ဆေးကျောင်းသူလေးရဲ့ အလောင်းကို မိသားစုက မီးရှို့သဂြုႋဟ်တဲ့ အခမ်းအနား သီးသန့် ကျင်းပခဲ့ပါတယ်။ ဒီ ဆေးကျောင်းသူလေး အဓမ္မ ပြုကျင့်ခံရမှုနဲ့ သေဆုံးခဲ့တာ အတွက် အိန္ဒိယ နိုင်ငံတလွှား ဝမ်းနည်းပူဆွေးမှုတွေနဲ့ ဒေါသတွေ ထွက်ခဲ့ကြပါတယ်။

သူမဟာ စင်ကာပူ ဆေးရုံမှာ စနေနေ့က သေဆုံးသွားခဲ့ပြီး အိန္ဒိယနိုင်ငံကို လေယာဉ်နဲ့ အလောင်းပြန်ပြီး သယ်လာခဲ့တာပါ။ အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ လက်ရှိ အာဏာရ ကွန်ဂရက်ပါတီ အကြီးအကဲ ဆိုနီယာဂန္ဒီ တို့ဟာ တနင်္ဂနွေနေ့ အစောပိုင်းတုန်းက ပြန်လည် ရောက်ရှိ လာတဲ့ သူမရဲ့ အလောင်းကို လေဆိပ်မှာ သွားရောက် ကြိုဆိုခဲ့ကြပြီး ကျန်ရစ်သူ မိသားစုနဲ့ တွေ့ဆုံခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် ဆေးကျောင်းသူလေးဟာ အဓမ္မ ပြုကျင့်ခံခဲ့ရပြီး အတိုက်အခိုက်ပါ ခံခဲ့ရတဲ့ ဒဏ်ရာကြောင့် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေမှာ ဒဏ်ရာ အကြီးအကျယ် ရခဲ့ပြီး ဦးနှောက်မှာပါ ထိခိုက်မှု ရှိခဲ့တာမို့ ဆေးကုသမှု ခံယူဖို့ စင်ကာပူ ဆေးရုံကို သွားရောက်ခဲ့တာပါ။ သူမရဲ့ သေဆုံးမှုအတွက် အိန္ဒိယ အာဏာပိုင်တွေက လူ ၆ ဦးကို လူသတ်မှုနဲ့ စွဲချက် တင်ခဲ့ပါတယ်။ သူတို့ဟာ ဒီလို ကျူးလွန်ခဲ့တာ မှန်ကန်ကြောင်း သေချာရင် သေဒဏ်ပြစ်ဒဏ် ကျခံရဖို့ ရှိတယ်လို့လည်း ရဲတွေက ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ကလည်း သေဆုံးသူ မိန်းကလေးရဲ့ မိသားစုဝင်တွေဆီ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပြီး အခုလို အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှုတွေကို လုံး၀ လက်မခံသလို ဒီ ပြစ်မှု ကျူးလွန်သူတွေကို ဘယ်တော့မှ ခွင့်လွှတ် သည်းခံမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG