သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှင်းထုအောက် ၁၀ မီတာ ၆ ရက်နစ်မြုပ်ခဲ့တဲ့ အိန္ဒိယစစ်သား အသက်မသေ


အိန္ဒိယနိုင်ငံက ထိန်းချုပ်ထားတဲ့ Kashmir ဒေသမှာရှိတဲ့ ကမ္ဘာ့အမြင့်ဆုံး စစ်မြေပြင်မှာရှိတဲ့ နှင်းထုအောက် ၁၀ မီတာမှာ ၆ ရက်ကြာ နှစ်မြုပ်နေခဲ့တဲ့ အိန္ဒိယ စစ်သားတဦးဟာ အသက်မသေဖို့အတွက် ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။

Hanamanthappa Koppad နဲ့ တခြား အိန္ဒိယစစ်သား ၉ ဦးတို့ဟာ အမြင့်ပေ ၅,၈၀၀ ရှိတဲ့ Siachen ရေခဲတောင်ပေါ်က စစ်စခန်းမှာ တာဝန်ကျနေစဉ် ဗုဒ္ဓဟူးနေ့က ရေခဲတောင် ပြိုကျပြီး နှင်းထုတွေအောက်မှာ ပိမိနေခဲ့တာ ဖြစ်ပါတယ်။

ထူးခြား အံ့သြဖွယ်ကောင်းစွာ အသက်မသေဘဲ နှင်းထုအောက်မှာ ပိမိနေတဲ့ သူ့ကို ကယ်ဆယ်ရေးအဖွဲ့က တွေ့ရှိခဲ့တာကြောင့် နယူးဒေလီမြို့မှာရှိတဲ့ ဆေးရုံးကို သယ်လာပြီး ဆေးကုသမှု ပေးနေတာမှာ သူ့အခြေအနေဟာ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ်လို့ ဆိုပါတယ်။ နှင်းထုအောက်မှာ ပိမိနေတဲ့သူတဦးအတွက် အသက်ရှင်နိုင်တဲ့အခွင့်အလန်းဟာ အင်မတန်နဲတယ်လို့ ဆိုပါတယ်။

အန္ဒိယဝန်ကြီးချုပ် Narendra Modi ကလည်း တတိုင်းပြည်လုံးရဲ့ ဆုတောင်း မေတ္တာပို့သမှုတွေကို သယ်ဆောင်လာတယ်လို့ Twitter လူမှုကွန်ယက်ကတဆင့် ပြောကြားပြီးတဲ့နောက် အင်္ဂါနေ့က Koppad ထံ သွားရောက်ခဲ့ပါတယ်။

၇၈ ကီလိုမီတာ ရှည်လျားတဲ့ Siachen ရေခဲတောင်ဟာ အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံစလုံးက ပိုင်ဆိုင်ကြောင်း အငြင်းပွားနေတဲ့ Kashmir ဒေသအတွင်းက Line Of Control လို့ခေါ်တဲ့ နှစ်နိုင်ငံ နယ်ခြားဒေသမှာ တည်ရှိတာ ဖြစ်ပါတယ်။

XS
SM
MD
LG