ရှားပါး လိပ်တွေကို မှောင်ခို သယ်ယူမှုနဲ့ ခရီးသည်နှစ်ဦးကို အိန္ဒိယက ဖမ်းဆီးထားတယ်လို့ အိန္ဒိယ လေဆိပ် အကောက်ခွန်အရာရှိတွေက ပြောပါတယ်။
အနောက်ဘင်္ဂလားပြည်နယ်၊ ကာလက္ကတားမြို့ နိုင်ငံတကာလေဆိပ်ကို ရောက်လာတဲ့ ခရီးသည်နှစ်ဦးနဲ့အတူ သေတ္တာပုံးတွေထဲမှာထည့်ပြီး သည်လာတဲ့ ရှားပါးလိပ် ၁ သောင်းကျော်ကို အာဏာပိုင်တွေက ကြာသပတေးနေ့က ရှာဖွေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံသားတွေဖြစ်ကြတဲ့ ဒီခရီးသည်တွေဟာ တရုတ်နိုင်ငံကနေ စင်ကာပူကို ရှားပါးလိပ်တွေ ခိုးသွင်းခဲ့တယ်လို့ ယူဆရပါတယ်။
ဒီလိပ်တွေရဲ့ အရေပြား၊ အသား၊ ဥ နဲ့ လိပ်ခွံတွေကို လူတွေက ရောင်းစားကြတာဖြစ်တယ်လို့ ကမ္ဘာ့တောရိုင်း သတ္တဝါများ ဆိုင်ရာ ရန်ပုံငွေ အဖွဲ့က ပြောပါတယ်။ အခု မှောင်ခိုမှုနောက်ကွယ်မှာ ဘယ်သူတွေ ပါဝင် ပတ်သက်နေတယ် ဆိုတာကိုတော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။