သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံကူးလက်မှတ်ပါ မြေပုံ အိန္ဒိယဆန့်ကျင်


အငြင်းပွားနေရတဲ့ ရေပိုင်နက် နယ်မြေပါဝင်တဲ့ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့အသစ် တရုတ်နိုင်ငံက စတင် ထုတ်ဝေလိုက်တဲ့အပေါ် အိန္ဒိယနိုင်ငံကလည်း တုံ့ပြန်လိုက်ပါတယ်။ တရုတ်နိုင်ငံက လာရောက်တဲ့ ခရီးသွားတွေရဲ့ ပြည်ဝင်ခွင့် ဗီဇာတွေအပေါ် အိန္ဒိယ နိုင်ငံကလည်း သူ့ကိုယ်ပိုင် မြေပုံနဲ့ တံဆိပ်တုံးတွေ ထုပေးနေတာပါ။ အိန္ဒိယနိုင်ငံကလည်း ပိုင်ဆိုင်ကြောင်း ပြောဆိုထားတဲ့ Arunacha Pradesh နဲ့ Aksai Chin ဒေသတွေပါ ပါဝင်တဲ့ မြေပုံကို တရုတ်နိုင်ငံကူး လက်မှတ်သစ်မှာ ဖော်ပြခဲ့တဲ့အပေါ် အိန္ဒိယက တုံ့ပြန်တဲ့အနေနဲ့ လုပ်ခဲ့တာပါ။

အိန္ဒိယရဲ့ တံဆိပ်တုံးမှာတော့ ဒီဒေသ နှစ်ခုကို အိန္ဒိယပိုင်အဖြစ် ထည့်သွင်း ထားပါတယ်။ တရုတ်နိုင်ငံက နိုင်ငံကူး လက်မှတ်မှာ ဖော်ပြခဲ့တဲ့ မြေပုံနဲ့ ပတ်သက်လို့ အိန္ဒိယက တရားဝင် ကန့်ကွက်တာမျိုး ရှိမရှိ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

နိုင်ငံကူး လက်မှတ်သစ်မှာ ထည့်သွင်းထားတဲ့ တရုတ်နိုင်ငံ မြေပုံထဲမှာ တောင်တရုတ် ပင်လယ်ပြင်တွင်း ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့က ပိုင်ဆိုင်ကြောင်း ပြောဆိုထားတဲ့ နယ်မြေတွေလည်း ပါဝင်နေတဲ့အတွက် နှစ် နိုင်ငံစလုံးက တရားဝင် ကန့်ကွက်ထားကြပါတယ်။ တရုတ်နိုင်ငံက နှစ်ပေါင်းများစွာ ကတည်းက ပိုင်ဆိုင်ကြောင်း ပြောထားတဲ့ ထိုင်ဝမ်ကျွန်းကိုလည်း နိုင်ငံကူး လက်မှတ်သစ်ရဲ့ မြေပုံထဲမှာ ထည့်သွင်းထားပါတယ်။
XS
SM
MD
LG