သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟိန္ဒူဘုရားကျောင်း အမျိုးသမီးဝင်ရောက်ခွင့် ပြဿ နာ


အိန္ဒိယ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများ
အိန္ဒိယ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများ

အိန္ဒိယနိုင်ငံအနောက်ဘက် ဟိန္ဒူဘုရားကျောင်းတခုမှာ အမျိုးသမီးများ-မဝင်ရလို့ တားမြစ်ထားတဲ့နေရာတခုကို ဝင်ဖို့ကြိုးစားခဲ့တဲ့ အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူ အယောက် ၃၀ လောက်ကို ရာပေါင်းများစွာသော ဒေသခံရွာသားတွေက စနေနေ့မှာ တားဆီးခဲ့ကြပါတယ်။

အမျိုးသမီးတွေ လွတ်လပ်စွာ ဝတ်ပြုဆုတောင်းမှုကို ရာစုနှစ်နဲ့ချီပြီး တားမြစ်ထားတဲ့ အစဉ်အလာကို ပယ်ဖျက်တဲ့အနေနဲ့ Maharashtra ပြည်နယ်က ဘုရားကျောင်းတွေကို အမျိုးသမီးတွေ ဝင်ထွက်ခွင့်ရှိတယ်ဆိုပြီး မွန်ဘိုင်း တရားရုံးတခုက အမိန့်ချမှတ်ခဲ့ပြီး တရက်အကြာမှာ အခုလို လုပ်ဆောင်လာတာဖြစ်ပါတယ်။

ဟိန္ဒူဘုရားကျောင်းထဲ အမျိုးသမီးတွေ ဝင်ရောက်တာကို တားမြစ်တာဟာ ရာဇဝတ်မှုဖြစ်တယ်လို့ ၁၉၅၆ ခုနှစ်မှာ ဥပဒေပြဌာန်းထားပေမယ့်Maharashtra ပြည်နယ်ထဲက Shani Shingnapur ဘုရားကျောင်းဝင်းထဲကို ဝင်ရောက်ခဲ့တဲ့ အမျိုးသမီးရေးလှုပ်ရှားသူတွေကို ဘုရားကျောင်း ဂေါပကနဲ့ ရွာသားတွေက တားမြစ်ခဲ့ကြပါတယ်။ ဒေသခံအာဏာပိုင်တွေက အမျိုးသမီးတွေရဲ့ လုံခြုံရေးအတွက် သူတို့ကို မီတာ ၁၀၀ လောက်ထိ နေရာရွှေ့ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံက ဝတ်ပြုဆုတောင်းတဲ့ နေရာတွေမှာ အမျိုးသမီးတွေဝင်ရောက်ခွင့်ကို တားမြစ်ထားဆဲဖြစ်ပြီး မွန်ဘိုင်းက မူဆလင် ဘုရားကျောင်းဖြစ်တဲ့ Haji Ali Dargah နဲ့ Kerala က ဟိန္ဒူ Sabarimala ဘုရားကျောင်းတို့လဲ ပါဝင်ပါတယ်။

XS
SM
MD
LG