သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယကျောင်းသား ၂၀ ထက်မနည်း အစာအဆိပ်သင့် သေဆုံး


အိန္ဒိယနိုင်ငံအရှေ့ပိုင်းမှာ ကျောင်းကအခမဲ့ကျွေးတဲ့ နေ့လည်စာကြောင့် ကလေး အယောက် ၂၀ သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဘီဟာပြည်နယ် Masrakh မြို့မှာရှိတဲ့ မူလတန်းကျောင်းတခုမှာ ထမင်းနဲ့ ပဲနီလေးဟင်းကိုစားပြီး ကျောင်းသား ၂၇ ယောက်ထက်မနည်းလည်း ဆေးရုံတင်ထားရတယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီထဲက ကလေး ၁၀ ယောက်က စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

ကလေးအယောက် ၂၀ သေဆုံးခဲ့မှုအပေါ် အမျက်ဒေါသ ထွက်နေကြသူတွေကလည်း ဆန္ဒပြနေကြပါတယ်။ ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ အစားအသောက်ထဲမှာ phosphorous မီးစုန်းတွေ ပါဝင်နေတဲ့ လက္ခဏာ တွေ့ရတယ်လို့ ပညာရေးဝန်ကြီးက ပြောပါတယ်။

အဟာရချို့တဲ့တဲ့ ပြဿနာဟာ ကလေးငယ်တွေကြားမှာ အဓိက ကျန်းမာရေး ပြဿနာကြီးဖြစ်ပြီး အိန္ဒိယနိုင်ငံမှာ ပြည်နယ်အစိုးရ တော်တော်များများက ဆင်းရဲတဲ့ကျောင်းသူ ကျောင်းသားတွေအတွက် နေ့လည်စာကျွေးတဲ့ အစီအစဉ်ကို လုပ်ပေးထားပါတယ်။
XS
SM
MD
LG