သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားအာဏာရပါတီခေါင်းဆောင် နှုတ်ထွက်


အင်ဒိုနီးရှား အာဏာရ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ Anas Urbaningrum။
အင်ဒိုနီးရှား အာဏာရ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ Anas Urbaningrum။
အကျင့်ပျက်ခြစားမှုမှာ ပါဝင်ပတ်သက်တယ်လို့ သတင်းထွက်လာပြီးတဲ့နောက် အင်ဒိုနီးရှား အာဏာရ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် ရာထူးက နုတ်ထွက်လိုက်ပြီဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်က ပါတီဥက္ကဋ္ဌအဖြစ် ရွေးခံခဲ့ရတဲ့ အသက် ၄၅ နှစ်အရွယ် Anas Urbaningrum က စနေနေ့ သတင်းစာရှင်းလင်းပွဲမှာ သူနုတ်ထွက်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က သောကြာနေ့က ကြေညာရာမှာ Java ခရိုင် အားကစားရုံကြီး တည်ဆောက် ရေးနဲ့ပတ်သက်ပြီး Urbaningrum ဟာ လာဘ်လာဘ ယူခဲ့တယ်လို့ သံသယဖြစ်တဲ့အကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၇ သောင်း ၅ ထောင် တန်ဖိုးရှိတဲ့ ကားတစင်းကို လက်ခံခဲ့တယ်လို့ အင်ဒိုနီးရှား သတင်းတွေမှာ ဖော်ပြပါတယ်။ သူ့ဘက်ကငြင်းဆန်ထားပေမဲ့ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၄ နှစ် ကျခံရနိုင်ပါတယ်။

ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်သစ်ရွေးဖို့အတွက် တနင်္ဂနွေနေ့မှာ ပါတီအဖွဲ့ဝင်တွေ တွေ့ဆုံကြမှာဖြစ်ပါတယ်။
XS
SM
MD
LG