သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး မကျေနပ်သူ အင်ဒိုနီးရှား အကြမ်းဖက်သမား အဖမ်းခံ


အင်ဒိုနီးရှား အမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးချုပ် ဘွိုင်း ရက်ဖ်လီ အေမာ (Boy Rafli Amar)။
အင်ဒိုနီးရှား အမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးချုပ် ဘွိုင်း ရက်ဖ်လီ အေမာ (Boy Rafli Amar)။
မြန်မာနိုင်ငံက ရိုဟင်ဂျာမူစလင်တွေအပေါ် ပြုမူပုံကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ အင်ဒိုနီးရှားနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေကို အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်ခဲ့တယ်လို့ဆိုသူတဦးဟာ ရဲတပ်ဖွဲ့ထံမှာ ကိုယ့်သဘောနဲ့ကိုယ် သွားပြီး အဖမ်းခံခဲ့ပါတယ်။

မူဟမ်မက်ဒ် တောရစ်ခ် (Muhammad Toriq) ဆိုသူဟာ သေနတ်တလက်၊ ကျည်ဆံတွေနဲ့အတူ ဖောက်ခွဲရေးပစ္စည်းတွေမပါတဲ့ အသေခံဗုံးဖောက်ခွဲတဲ့အင်္ကျီကိုဝတ်ပြီး တနင်္ဂနွေနေ့က အင်ဒိုနီးရှားရဲတပ်ဖွဲ့ထံမှာ အဖမ်းခံခဲ့တာပါ။

ပြီးခဲ့တဲ့သီတင်းပတ်မှာ ဂျကာတာမြို့တော်က သူ့ရဲ့အိမ်မှာ ရဲတပ်ဖွဲ့က ဝင်ဖမ်းတဲ့အချိန် လွတ်ထွက်သွားပြီးကတည်းက သူဟာ ထွက်ပြေးနေခဲ့တာပါ။ သူ့အိမ်ခန်းထဲကနေ မီးခိုးတွေထွက်လာတာတွေ့လို့ အိမ်နီးချင်းတွေက ရဲတပ်ဖွဲ့ဆီ သတင်းပို့ခဲ့တာဖြစ်ပါ တယ်။
ရဲတပ်ဖွဲ့ကိုသော်လည်းကောင်း၊ အကြမ်းဖက်နှိမ်နင်းရေး အင်ဒိုနီးရှား အထူးတပ်ဖွဲ့ကိုသော်လည်းကောင်း၊ ဗုဒ္ဓဘာသာဝင်တွေကို သော်လည်းကောင်း ပစ်မှတ်ထားပြီး တနင်္လာနေ့မှာ အသေခံဗုံးဖောက်ခွဲဖို့ သူ စီစဉ်ထားခဲ့တယ်လို့ တော်ရစ်ခ်က ရဲတပ်ဖွဲ့ကို ပြော ပါတယ်။

အသေခံဗုံးခွဲတာနဲ့ပတ်သက်တဲ့ မှတ်ချက်စကားကို သူ ရေးထားခဲ့ပြီးပြီဖြစ်ပြီး နောက်ဆုံးအချိန် ကျမှ အစီအစဉ်ကိုဖျက်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ တော်ရစ်ခ်က ရဲတပ်ဖွဲ့ကိုပြောပါတယ်။ သူ့ရဲ့မိခင်၊ ဇနီးနဲ့ သားဖြစ်သူတို့ ခံစားရမယ့်နာကျင်မှုကို တွေးမိပြီး အစီအစဉ်ဖျက်လိုက်တာဖြစ်တယ်လို့ အမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးချုပ် ဘွိုင်း ရက်ဖ်လီ အေမာ (Boy Rafli Amar) က ပြောပါတယ်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီတွေအကြား ဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်ပြီး သဘော ထားတင်းမာတဲ့ အင်ဒိုနီးရှားနိုင်ငံသား မူစလင် ရာပေါင်းများစွာက ဇူလိုင်လအတွင်း မြန်မာသံရုံးရှေ့မှာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
XS
SM
MD
LG