သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသံရုံးစီးနင်းဖို့ သံသယရှိသူ စစ်သွေးကြွ ၆ ဦး အင်ဒိုရဲချေမှုန်း


အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာရှိတဲ့ မြန်မာသံရုံးရှေ့မြင်ကွင်း (၃ မေလ ၂၀၁၃)
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာရှိတဲ့ မြန်မာသံရုံးရှေ့မြင်ကွင်း (၃ မေလ ၂၀၁၃)
နှစ်သစ်ကူူးအကြိုည ပျော်ပွဲရွှင်ပွဲတွေ လုပ်နေချိန်မှာပဲ အင်ဒိုနီးရှားနိုင်ငံက အကြမ်းဖက်နှိမ်နင်းရေး အထူူးတပ်ဖွဲ့က ဂျာကာတာမြို့ပြင်က Ciputat ရပ်ကွက်မှာ ပုန်းအောင်းနေတဲ့ စစ်သွေးကြွလို့ သံသယရှိသူ ၆ ဦးကို အသေရမိပြီး ၁ ဦးကိုတော့ လက်ရဖမ်းမိခဲ့ပါယ်။

မေလတုန်းက အင်ဒိုနီးရှားက မြန်မာသံရုံးနဲ့ ဗုဒ္ဓဘာသာ ဘုရားကျောင်းတခုကို ဗုံးခွဲ တိုက်ခိုက်ဖို့ ကြိုးစားမှုဖြစ်ပွားခဲ့တာကို စုံစမ်းစစ်ဆေးရာက ရလာတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး အခုလို ဖမ်းဆီးခဲ့တာလို့ ရဲဌာနချုပ်ပြောခွင့်ရက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

အင်္ဂါနေ့ည ဖမ်းဆီးမှုမှာ ၉ နာရီလောက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသွားတဲ့ ၆ ဦးဟာ ရဲတွေဖမ်းဆီးတာကို လက်နက်မချဘဲ သေနတ်တွေ၊ လက်လုပ်ဗုံးတွေနဲ့ ပြန်လည်ပစ်ခတ်ပြီး ခုခံခဲ့တဲ့နောက် အသေဖမ်းဆီးရမိတာဖြစ်ပြီး ရဲ ၁ ဦး ခြေထောက်မှာ ဒဏ်ရာရခဲ့တယ်လို့လည်း ပြောပါတယ်။

သူတို့ဟာ အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း Sulawasi ခရိုင်မှာ ၁၉၉၈ ခုနှစ်ကနေ ၂၀၀၂ ခုနှစ်အတွင်း ဖြစ်ပွားတဲ့ ခရစ်ယာန်နဲ့ မူဆလင် အဓိကရုဏ်းတွေမှာ လူပေါင်း ၁ ထောင်လောက်ကို သတ်ပစ်ခဲ့တာမို့ ရဲက အလိုရှိနေတဲ့ Abu Wardah Santoso အကြမ်းဖက်ဂိုဏ်းနဲ့ ဆက်နွယ်နေသူတွေလို့ ရဲက ပြောပါတယ်။

သူတို့ဆီက သေနတ် ၅ လက်၊ ငွေသား rupiah သန်း ၂၀၀ နဲ့ ဗုံးလုပ်ရာမှာ သုံးတဲ့ ပစ္စည်းကိရိယာတွေကို သိမ်းဆည်း ရမိတယ်လို့လည်း ပြောပါတယ်။
XS
SM
MD
LG