အင်ဒိုနီးရှားနိုင်ငံက သူ့သမ္မတရဲ့ဖုန်းကို သြစတြေးလျနိုင်ငံဘက်က ခိုးနားထောင်ခဲ့တယ်လို့ စွပ်စွဲပြီးတဲ့နောက် သြစတြေးလျက သူ့သံအမတ်ကို ပြန်ခေါ်ခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Marty Natalegawa က သြစတြေးလျ ထောက်လှမ်းရေးအေဂျင်စီတွေအနေနဲ့ သမ္မတ Susilo Bambang Yudhoyono၊ သူ့ရဲ့ဇနီးနဲ့ အကြီးတန်းဝန်ကြီးတွေရဲ့ ဖုန်းတွေကို ခိုးနားထောင်ခဲ့တယ်လို့ အမေရိကန် ထောက်လှမ်းရေးဟောင်းရဲ့ နောက်ထပ်ထုတ်ပြန်ချက်မှာ တွေ့ခဲ့ရတာမို့ သံအမတ်ကို တိုင်ပင်ဖို့ ခုလို ပြန်ခေါ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန်ထောက်လှမ်းရေး ကန်ထရိုက်ဝန်ထမ်းဟောင်း Edward Snowden ရဲ့ ဒုတိယအကြိမ် ဖောက်ချတဲ့ အထောက်အထားတွေမှာ အခုလို ခိုးနားထောင်တယ်လို့ သိလိုက်ရတာက မဟာမိတ်တွေအကြားမှာ မိတ်ဖက် မဆန်တဲ့ အပြုအမူဖြစ်တယ်လို့ ဝန်ကြီး Marty Natalegawa က ဒီနေ့ထုတ်ပြောလိုက်ပါတယ်။
ခုလို ပြန်ခေါ်ခဲ့တာက ဂျကာတာမြို့တော်က သြစတြေးလျနဲ့ အမေရိကန် သံရုံးတွေအနေနဲ့ အင်ဒိုနီးရှားနိုင်ငံအပေါ် ခုလိုထောက်လှမ်းမှုတွေ လုပ်နေတယ်ဆိုတဲ့ ပြောဆိုမှုတွေဖြစ်လာအပြီး သံတမန်ရေးတင်းမာမှုတွေ ဖြစ်နေချိန်မှာ ဖြစ်ပါတယ်။