သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒို သမ္မတသစ်ရဲ့ သမီး အခွင့်ထူးခံဖို့ ငြင်းပယ်


အင်ဒိုနီးရှားနိုင်ငံ ရဲ့ သမ္မတ အသစ် Joko Widodo ရဲ့ သမီးဖြစ်သူ Kahiyang Ayu။
အင်ဒိုနီးရှားနိုင်ငံ ရဲ့ သမ္မတ အသစ် Joko Widodo ရဲ့ သမီးဖြစ်သူ Kahiyang Ayu။

အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတအသစ် Joko Widodo ရဲ့ သမီးဖြစ်သူက ပုံမှန် ကျင်းပလေ့ရှိတဲ့ အစိုးရ ဝန်ထမ်း အလုပ် အတွက် စစ်ဆေးတဲ့ စာမေးပွဲကို သာမန်နိုင်ငံသား တယောက် နည်းတူ ဝင်ရောက်ဖြေဆိုခဲ့ပါတယ်။ ပုံမှန် အားဖြင့် နိုင်ငံခေါင်းဆောင်တွေ အကြီးအကဲတွေရဲ့ မိသားစုဝင်တွေအနေနဲ့ အထူးအခွင့်အရေးခံစားခွင့်ပေးလေ့ရှိတာကို သမ္မတ သမီးက ငြင်းပယ်ခဲ့ပါတယ်။

Kahiyang Ayu ဟာ ကြာသာပတေးနေ့ Solo မြို့မှာ ကျင်းပခဲ့တဲ့ အဲဒီစာမေးပွဲကို တခြားဖြေဆိုသူ ၆ ထောင်ကျော်နဲ့ အတူဖြေဆိုခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်ခဲ့တဲ့ အတွက် အင်ဒိုနီရှား တနိုင်ငံလုံး လှုတ်လှုတ်ခတ်ခတ် ဖြစ်သွားခဲ့ရတယ်လို့ ဆိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ အင်ဒိုနီးရှားနိုင်ငံမှာ အဂတိ လိုက်စားမှုတွေ၊ ဆွေမျိုးနဲ့ အသိုင်းဝိုင်းကောင်းစားရေး ပြသနာတွေ ရှိတဲ့အပြင်၊ နိုင်ငံခေါင်းဆောင်တွေရဲ့ သားသမီးတွေအတွက် မကြာခဏ ဆိုသလို အထူးအခွင့်အရေးတွေ ပေးရလေ့ ရှိလို့ပါ။

နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကျင့်ပျက်ခြစားမှုပြဿ နာကို ဖြေရှင်းမယ်ဆိုပြီး မဲဆွယ်ပွဲမှာ ကတိပေးခဲ့တဲ့ သူမရဲ့ ဖခင် သမ္မတရာထူး လက်ခံရယူပြီး သတင်းတပတ် မကြာသေးခင်မှာ အခုဖြစ်ရပ် ထွက်ပေါ်လာတာပါ။

အခုသတင်းပတ်အတွင်း Jokowi လို့ ပိုမိုလူသိများတဲ့ သမ္မတ Widodo ဟာ သူ့အစိုးရအဖွဲ့မှာ ပါဝင်နိုင်ဖို့ အလားအလာ ရှိသူတွေကို အမျိုးသား အကျင့်ပျက်ခြစားမှု စောင့်ကြည့်ရေးအဖွဲ့နဲ့ စီစစ်မယ်လို့ ဆိုပါတယ်။ ဒါဟာ အရင်က တခါမှ မကြားဘူးခဲ့တဲ့ လုပ်ရပ်ဖြစ်ပါတယ်။

XS
SM
MD
LG