သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးများအကြမ်းဖက်ခံရမှု တိုက်ဖျက်ရေးနေ့


နိုဝင်ဘာလ ၂၅ ရက်နေ့မှာကျရောက်တဲ့ အမျိုးသမီးများ အကြမ်းဖက်မှု ဆန့်ကျင်ရေး နိုင်ငံတကာ အမျိုးသမီးများနေ့မှာ ကုလသမဂ္ဂကနေ လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှုဟာ လူ့အခွင့်အရေး ပြင်းပြင်းထန်ထန် ချိုးဖောက်မှုဖြစ်ပြီး HIV ကူးစက်မှုအန္တရာယ်လည်း တိုးစေတယ်လို့ ပြောဆိုလိုက်ပါတယ်။

HIV/AIDS နဲ့ပတ်သက်တဲ့ ကုလသမဂ္ဂ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် UNAIDS က နာရီတိုင်းမှာ အမျိုးသမီးငယ် ၅၀ ဟာ HIV ပိုး အသစ်ကူးစက်ခံကြရတယ်လို့ ပြောဆိုခဲ့ပါတယ်။ အဲ့ဒီလို ကူးစက်ခံရသူ အမျိုးသမီးတော်တော်များများ ဟာလည်း အကြမ်းဖက်ခံရမှုတွေနဲ့ ဆက်စပ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

လိင်ဖျော်ဖြေရေးလုပ်ငန်းတွေမှာ လုပ်ကိုင်သူ တော်တော်များများဟာ မကြာခဏ ဆိုသလို အကြမ်းဖက်မှုနဲ့ သားကောင်တွေ ဖြစ်ကြရပြီး လိင်ပိုင်းဆိုင်ရာ အကာအကွယ်ပေးဖို့ မတတ်နိုင်ကြဘူးလို့ ဆိုပါတယ်။ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာလည်း ကမ္ဘာတဝှမ်း ဆယ်ကျော်သက် အရွယ် မိန်းကလေးငယ်တွေရဲ့ ၄၅ % လောက်အထိဟာ သူတို့ရဲ့ ပထမဆုံး လိင်ဆက်ဆံမှု အတွေ့အကြုံဟာ အဓမ္မ ပြုကျင့်ခံရတာဖြစ်တယ်လို့ ထောက်ပြထားပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေ အကြမ်းဖက် ခံရမှုတွေထဲမှာ အတင်းအကျပ် သန္ဓေသားဖျက်ချခိုင်းတာနဲ့ သန္ဓေသားမရအောင် အတင်းအဓမ္မ ဆေးဝါးသုံးစွဲခိုင်းတာတွေ ပါဝင်ပါတယ်။

ဒါ့အပြင် လိင်ပိုင်းဆိုင်ရာပြဿနာနဲ့ လိင်ကိုအခြေခံတဲ့ အကြမ်းဖက်မှု တော်တော် များများဟာလည်း ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကြောင့် ဖြစ်ကြတာဖြစ်တယ်လို့ UNAIDS အရာရှိတွေက ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG