သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက် ထိန်းချုပ်ရေး နိုင်ငံတကာညီလာခံ ကျင်းပမည်


အမေရိကန်တစ်ဝှမ်းလက်နက်ထိန်းချုပ်ရေးအတွက် ဝါရှင်တန်ပါလီမန်ရှေ့ ဆန္ဒပြပွဲမြင်ကွင်း (ဒီဇင်ဘာ ၁၂ ၂၀၁၂)
အမေရိကန်တစ်ဝှမ်းလက်နက်ထိန်းချုပ်ရေးအတွက် ဝါရှင်တန်ပါလီမန်ရှေ့ ဆန္ဒပြပွဲမြင်ကွင်း (ဒီဇင်ဘာ ၁၂ ၂၀၁၂)
ကမ္ဘာတဝှမ်း သမားရိုးကျ လက်နက်တွေ ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းတွေ ချမှတ်ရေး ကြိုးပမ်းမှုတွေ ဇူလိုင်လမှာ ပျက်ကွက်ခဲ့ပြီးနောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံက ဆွေးနွေးမှု အသစ်တွေလုပ်ဖို့ တခဲနက် မဲခွဲဆုံးဖြတ်လိုက်ပါတယ်။

သမားရိုးကျ လက်နက်တွေ တနေရာက တနေရာ ပို့ဆောင်မှုတွေမှာ စံချိန်စံညွှန်းတွေ သတ်မှတ်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ မတ်လထဲမှာ ညီလာခံတစ်ခုကျင်းပ ဆွေးနွေးရေး အထွေထွေညီလာခံက သဘောတူခဲ့တာပါ။ ဆုံးဖြတ်ချက်ကိုတော့ ထောက်ခံမဲ ၁၃၃ မဲ၊ ကန့်ကွက်မဲမရှိ၊ ကြားနေမဲ ၁၇ မဲနဲ့ တနင်္လာနေ့ နှောင်းပိုင်းမှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဇူလိုင်လထဲက သဘောတူညီချက် တရပ် ရေးဆွဲဖို့ ဆွေးနွေးရာမှာတော့ အမေရိကန် ပြည်ထောင်စုက သူ့ရဲ့ ဒေါ်လာသန်းပေါင်း ၆ သောင်းဖိုး ရှိတဲ့ လုပ်ငန်းအပေါ် ကန့်သတ်မှုတွေ ကြုံရမယ့် အစီအစဉ်ကို ဆွေးနွေးဖို့ တွန့်ဆုတ်နေရာက မအောင်မမြင် ဖြစ်ခဲ့ရတာပါ။

ဆွေးနွေးပွဲတွေ လုပ်နေစဉ်မှာပဲ အမေရိကန် ပြည်ထောင်စုက လက်နက်ကိုင်ဆောင်ခွင့် အတွက် အဓိက လှုံ့ဆော်လှုပ်ရှားနေတဲ့ အမျိုးသား ရိုင်ဖယ် အသင်းကတော့ အရပ်သားတွေလက်နက်ကိုင်ဆောင်ခွင့် အပေါ် ကန့်သတ်လာမယ့် အစီအစဉ်တွေကို အပြင်းအထန် ဆန့်ကျင်သွားမှာ ဖြစ်တယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒီလထဲမှာပဲ ကလေးငယ် ၂၀ အပါအဝင် လူ ၂၈ ယောက် သေဆုံးခဲ့တဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးတဲ့ နောက်မှာတော့ အမေရိကန်မှာ သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်သင့် မသင့် ကိစ္စတွေ တကျော့ပြန် ကြီးထွားလာနေတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG