သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေအောက် cable ဆက်ကြောင်းပြင်ဆင်မှု ကြိုးစားဆဲ


The full moon descends behind Nossa Senhora da Penha Church in Rio de Janeiro, Brazil. At this time of the year the orb is at the closest point to the Earth. Experts name this phenomenon the supermoon or perigee.
The full moon descends behind Nossa Senhora da Penha Church in Rio de Janeiro, Brazil. At this time of the year the orb is at the closest point to the Earth. Experts name this phenomenon the supermoon or perigee.
အင်တာနက် ရေအောက် ဆက်ကြောင်း SE-ME-WE 3 cable ပြတ်တောက်နေတဲ့အတွက် ပြည်တွင်းမှာ အင်တာနက် သုံးစွဲသူအချို့နဲ့ ပြည်ပကို ဆက်သွယ်နေရတဲ့လုပ်ငန်းတွေမှာ အခက်အခဲတွေ ရင်ဆိုင်နေကြရပါတယ်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကတော့ အခုလို ဆက်ကြောင်း ပြတ်တာကို ပြင်ဆင်နိုင်ဖို့ ရှာဖွေဆဲ အဆင့်မှာပဲ ရှိနေသေးတယ်လို့ ဗွီအိုအေကို ပြောပါတယ်။ Cable ဆက်ကြောင်း ပြတ်တောက်မှုရဲ့ဂယက်က ဘယ်လောက် ကြီးသလဲဆိုတာကို ဆက်သွယ်မေးမြန်းထားတဲ့ ဗီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့အပြည်ပြည်ဆိုင်ရာ ဆက်ကြောင်းတွေနဲ့ အဓိက ချိတ်ဆက်ထားတဲ့ ပင်လယ်ရေအောင်ကေဘယ် (SEA-ME-WE 3) ဆက်ကြောင်း ပျက်နေတာကို ပြင်ဆင်နိုင်ဖို့ ကြိုးစားနေတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မြန်မာ့ အင်ဂျင်နီယာတွေဟာ ပျက်နေတဲ့နေရာကို ယနေ့ထိ ရှာဖြွေပင်ဆင်နိုင်ဖို့ကြိုးစားဆဲဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းရဲ့ ထွေထွေ မန်နေဂျာဦးကျော်စိုးဝင်းက ပြောပါတယ်။
(SEA-ME-WE 3) ရဲ့ မြန်မာ့ပြည်ဆက်ကြောင်း လမ်းကြောင်း တစ်လျှောက်ဖြစ်တဲ့ ဖျာပုံ၊ ကျုံကဒွန်း နဲ့ ကုလားထိပ် ပင်လယ် ပြင်မှာ ပျက်ခဲ့တာ ဖြစ်ပြီးတော့ ပင်လယ်ရေအောက်မှာ ပျက်နေတဲ့အတွက် ရေတက်ရင် ပြင်ဆင်ရေး လုပ်ငန်းတွေရပ်ဆိုင်း ဖြစ်ရတာလို့ ဦးကျော်စိုးဝင်း က ဗီအိုအေကို အခုလို ပြောပါတယ်။

“ဆက်ကြောင်း စခဲ့တဲ့ ပင်လယ်ကမ်းခြေ ကုလားထိပ်ကနေ ဖျာပုံအထိရောက်အောင် ကျနော်တို့ အသေးစိတ်လမ်းလျှောက်ပြီးတော့ တစ်ခုချင်း စက်နဲ့လည်းတိုင်းတယ်။ တွေ့တဲ့နေရာတိုင်းကို ရှာပြီး ကျနော်တို့ ပြုပြင်နေပါတယ်။”

နိုင်ငံတကာနဲ့ ဆက်သွယ်ချိတ်ဆက်နေတဲ့ လိုင်းမှာသာ ပျက်စီးမှု ရှိမယ်ဆိုရင်တော့ ပြင်ဆင်ချိန် အတွက် ၁ လ ခန့် အချိန်ယူရဖို့ ရှိပြီးတော့
ပြည်တွင်းဘက်က ကုန်းတွင်းဆက်ကြောင်းဘက်မှာသာ အဓိက ပျက်မယ်ဆိုရင်တော့ ၂ ပတ်ခန့်နဲ့ ပြင်ဆင်နိုင်မှာ ဖြစ်တဲ့အကြောင်း ဦးစိုးဝင်း ကပြောပါတယ်။

“ဆက်ကြောင်းက ပြည်တွင်းပြည်ပ ဆက်ကြောင်း နှစ်ခုဖြစ်နေလို့ ပြည်တွင်းပိုင်းမှာလည်း ရှာနေပါတယ်။ ပြည်ပဆက်ကြောင်းက ဖြစ်တယ်ဆိုရင် တစ်လလောက်ကြာနိုင်ပါတယ်။ ပြည်တွင်းဆက်ကြောင်းကဖြစ်တယ်ဆိုရင်တော့ နှစ်ပတ်လောက်အတွင်းမှာ ပြီးနိုင်ပါတယ်။”

အခုလို (SEA-ME-WE 3) ကေဘယ်ဟာ အရှေ့တာင်အာရှ၊ အရှေ့အလယ်ပိုင်း နဲ့ ဥရောပက နိုင်ငံတကာအင်တာနက် ဆက်ကြောင်းတွေနဲ့ မြန်မာ နိုင်ငံအတွင်းမှာ လာရောက် ချိတ်ဆက်ထားတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံဘက်က အင်ဂျင်နီယာတွေနဲ့ ပြင်ပက နိုင်ငံတကာ ပညာရှင်တွေနဲ့ ပြင်ဆင်ရမှာဖြစ်တယ်လို့ ဦးစိုးဝင်းက ပြောပါတယ်။ အခုလို အင်တာနက် ဆက်ကြောင်းတွေ ပြတ်တောက်မှုကြောင့် အင်တာနက်
ဆက်သွယ်မှုတွေနဲ့ တချို့ဖုန်းလိုင်းဆက်သွယ်မှုတွေမှာပါ အခက်အခဲတွေရှိနေပါတယ်။ နိုင်ငံတကာနဲ့ ဆက်သွယ်ပြီးလုပ်ရတဲ့ လေယာဉ်
လက်မှတ် အရောင်းကိစ္စတွေနဲ့ ဟိုတယ်ခန်း ကြိုတင်မှာယူတဲ့နေရာတွေမှာ အခက်အခဲတွေ ဖြစ်နေတယ်လို့ ကိုင်တိုင်လည်း ခရီးသွားလုပ်ငန်း ပိုင်ရှင်
တစ်ဦးလည်းဖြစ်၊ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးဖြိုးဝေရာဇာက ပြောပါတယ်။

“အဓိက-ကတော့ GPS လို့ခေါ်တဲ့ Global Positioning System ပေါ့နော်၊ အဲလိုစနစ်သုံးတဲ့သူတွေအတွက်တော့ မဖြစ်နိုင်ဘူးခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အင်တာနက်ကို တခါတည်း Booking တင်ရတဲ့ဟာမျိုးတွေဆိုတော့ အင်တာနက်မရရင် သုံးလို့မရပါဘူး။ Intentional Ticketing အတွက်ကတော့ အခက်အခဲရှိပါတယ်။”

မကြာခဏ ချို့ယွင်းပြတ်တောက်တတ်တဲ့ SE-ME-WE-3 အင်တာနက် ဆက်ကြောင်းနေရာမှာ အစားထိုးဖို့ ရည်ရွယ်ထားတဲ့ SE-ME-WE-5 အင်တာနက်ဆက်ကြောင်းသစ် ချိတ်ဆက်မှုကိုတော့ ဒီဇင်ဘာလမှာ စတင်သွားမှာ ဖြစ်တဲ့အကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူတွေက ပြောပါတယ်ခင်ဗျာ။
XS
SM
MD
LG