သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ခေါင်းဆောင်သစ် အင်တာနက် ဆင်ဆာလျှော့ပေါ့ဖွယ်မရှိ


တရုတ်နိုင်ငံ ဘေဂျင်းမြို့က အင်တာနက်ဆိုင်မှာ အင်တာနက်အသုံးပြုနေသူ လူငယ်များကို မြင်ရစဉ်။
တရုတ်နိုင်ငံ ဘေဂျင်းမြို့က အင်တာနက်ဆိုင်မှာ အင်တာနက်အသုံးပြုနေသူ လူငယ်များကို မြင်ရစဉ်။
တရုတ်နိုင်ငံရဲ့ ကွန်မြူနစ်ပါတီသစ်ခေါင်းဆောင်တွေဟာ တင်းကျပ်တဲ့ အင်တာနက် အွန်လိုင်း ဆင်ဆာဖြတ်တောက်မှုတွေအပေါ် ဖြေလျော့ပေးမယ့် အရိပ်လက္ခဏာလုံးလုံး မပြပါဘူးလို့ လေ့လာသူတွေက ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့တဲ့ ဆယ်နှစ်မှာ တစ်ကြိမ် ခေါင်းဆောင်အပြောင်းအလဲကာလမှာ တိုင်းပြည်အတွင်း အင်တာနက်အသုံးပြုသူ သန်းပေါင်းငါးရာက အနည်းဆုံးတော့ အင်တာနက် ဆင်ဆာဖြတ်တောက်မှု ကို ဖြေလျော့ပေးဖို့ မျှော်လင့်ထားခဲ့ကြတာပါ။

အွန်လိုင်းမှာ ရေးသားခြင်းအားဖြင့် အောက်ခြေဝန်ထမ်းအများအပြားကို တာဝန်က ရပ်နားစေခဲ့တဲ့အထိ ဖြစ်ခဲ့တဲ့ စုံစမ်းစစ်ဆေးရေးတွေ ရှိလာစေတဲ့ အစိုးရအဖွဲ့အတွင်းက အဂတိလိုက်စားမှုတွေအပေါ် ဝေဖန်ပြစ်တင်မှုတွေကို အခုထက်ပိုပြီး ခွင့်ပြုဖို့ လွှတ်တော်နဲ့ အာဏာပိုင်တွေကို သူတို့ကတောင်းဆိုနေကြတာပါ။

တရုတ်လူမှုရေး သတင်းဌာနရဲ့ ထင်ရှားတဲ့ သတင်းထောက်လည်းဖြစ်၊ လေ့လာသုံးသပ်သူလည်းဖြစ်တဲ့ မိုက်ကယ်အိုင်တီက အပြောင်းအလဲတွေက အရေးမကြီးဘူးလို့ပြောပါတယ်။ တရုတ်နိုင်ငံရဲ့ အဂတိလိုက်စားမှုတွေ ပြည့်နှက်နေတဲ့ အစိုးရအဖွဲ့အပေါ် တရုတ်ပြည်သူတွေရဲ့ ဝေဖန်မှုတွေဟာ ကာလရှည်ကြာ စဉ်းစားချင့်ချိန်စရာဖြစ်နေတဲ့ ပါတီရဲ့ ပြဿနာတရပ်ဖြစ်နေပြီး အသစ်အဆန်းမဟုတ်ဘူးလို့လည်း သူကပြောပါတယ်။
XS
SM
MD
LG