သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကဗျာဆရာမ ပန်ဒိုရာနဲ့ တွေ့ဆုံမေးမြန်းချက် အပိုင်း-၂


Pandora
Pandora

မြန်မာစာပေလောကရဲ့ ကဗျာရေးသားမှုမှာ မြန်မာအမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ က ဘယ်လိုရှိပါသလဲ။ ဒါနဲ့ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စု အိုင်အိုဝါပြည်နယ်မှာ International Writers’ Program ဖြစ်တဲ့ နိုင်ငံတကာ စာရေးဆရာများ အစီအစဉ်ကို မကြာသေးခင်က တက်ရောက်ခဲ့သူ Pandora ပန်ဒိုရာ ဆိုတဲ့ ကလောင်အမည်နဲ့ ကဗျာတွေ ရေးနေတဲ့ မပြည့်လှိုင်ဦး နဲ့ တွေ့ဆုံ မေးမြန်းချက် အပိုင်း-၁ ကို ပြီးခဲ့တဲ့ သီတင်းပတ်က ကျမတို့ ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။ ဒီတပတ်မှာတော့ အပိုင်း-၂ ကို ဆက်လက်နားဆင်ကြရမှာပါ။ ဒေါ်လှလှသန်း က တွေ့ဆုံ မေးမြန်းခဲ့တာဖြစ်ပါတယ်။


မေး။ ။ အမျိုးသမီးကဗျာဆရာမတွေနဲ့ အမျိုးသားကဗျာဆရာတွေ ရေးတဲ့ ကဗျာတွေက ဘာတွေ ကွာခြားချက် ရှိပါသလဲ။

ဖြေ။ ။ အမျိုးသမီးတယောက်ကတော့ သူ့ရဲ့ဘဝအတွေ့အကြုံ၊ သူ့ရဲ့ ဖြတ်သန်းမှု အဲဒါတွေကတော့ အကြောင်းအရာထဲမှာ ထင်ဟပ်နေမှာပဲ။ နောက်တခါ ရဲတင်းမှု အပိုင်းပေါ့နော်။ အကြောင်းအရာအားဖြင့် ရဲတင်းတာလဲ ဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေကို မိန်းကလေးဆိုပြီး ဒီလိုဖြစ်ရမယ်၊ ဒီလို ဖြစ်ရမယ်ဆိုတာတွေကို ဖောက်ထွက်ပြီးတော့ ရေးနိုင်တဲ့ဟာမျိုးပေ့ါ။ နောက်တခါ ပုံစံ ဟန်အားဖြင့်လည်း ကဗျာဆိုတာကတော့ ထုံးတမ်းစဉ်လာအရ ဒီလို ဒီလို ရေးမှ ကဗျာဖြစ်တယ်ပေါ့။ ဒါပေမဲ့လည်း ဒီလို မရေးဘဲ ဟိုလို ရေးလဲ ကဗျာဖြစ်တာပဲပေါ့။ ဒါကိုလည်း လုပ်ရဲရမယ်ပေါ့နော်။ အဲ့လိုမျိုးတွေမှာ အမျိုးသမီးတွေက ရဲတင်းမှုက နဲနဲ နဲနေတယ်ပေါ့။ ကျမကိုယ်တိုင်လဲ ကိုယ့်ရဲ့ ကဗျာတွေကို သိပ်ပြီးတော့ အားမရသေးဘူး။ ဒီ့ထက်ဆက်ပြီးတော့ တိုးတက်အောင် လုပ်ရဦးမယ်လို့ ကျမ ယူဆတယ်။ ပိုပြီး ရဲတင်းလာမယ့်အပိုင်းပေါ့။ ရဲတင်းတယ်ဆိုတာက ကျန်တဲ့သူတွေကလည်း သူ့ကို အားပေးနေရမယ်။ တခုခုဆိုရင် ကြိုဆိုရမယ်။ တခြား အမျိုးသားကဗျာဆရာတွေက ဒီကိစ္စကို ကြိုဆိုရမယ်။ အားပေးရမယ်။ အဲ့ဒီနှစ်ခုက ဟန်ချက်ညီတဲ့အခါ ကျမတို့ အမျိုးသမီးကဗျာဆရာတွေရဲ့ ကဗျာတွေက ပိုပြီးတော့ တိုးတက်လာမယ်လို့ ကျမကတော့ ထင်မိတယ်။ မြန်မာနိုင်ငံမှာက ထိပ်တန်း ကဗျာဆရာ ၁၀ ယောက် ဘယ်သူလဲလို့ ဒီလို မေးလိုက်လို့ရှိရင် လက်ချိုးပြီး တစ်၊နှစ်၊သုံး၊လေး ရေတွက်လိုက်ရင် အမျိုးသမီးတွေက ပါချင်မှ ပါမယ်။ အမျိုးသားကဗျာဆရာတွေလို သူတို့လဲ တကယ်ပဲ ကောင်းကြပါတယ်။ အဲ့ဒီလိုမျိုးတွေအထိပေါ့နော်။ အမျိုးသမီးတွေက ပါလာနိုင်ဖို့ဆိုရင်တော့ သူတို့လိုမျိုးပဲ လေ့လာမယ်၊ ဆွေးနွေးမယ်၊ ဖတ်ရှုမယ်၊ အားထုတ်ပြီးတော့ ရေးမယ်။ အဲ့လိုမျိုးတွေ လုပ်လာဖို့တော့ လိုပါတယ်။

မေး။ ။ အဲ့ဒီအခါကျတော့ အမျိုးသမီး ကဗျာဆရာမတွေ ထွက်ပေါ်လာဖို့အတွက်ကို ဥပမာဖြင့် ကဗျာရေးချင်ပေမဲ့လို့ စားဝတ်နေရေးကလည်း တဖက်ကလည်း ကြည့်ရတဲ့အခါကျတော့ ကဗျာကို တဖက်ရေး၊ စားဝတ်နေရေး လုပ်ငန်းကိုလည်း တဖက်လုပ်ဆိုတဲ့အခါကျတော့ ကိုယ်အားသန်ရာဘက်က မတက်လာဘဲနဲ့ တခြားဘက်ကို လိုင်းပြောင်းတာတွေလည်း အမျိုးသမီးတွေမှာ ရှိမှာပေါ့။ အထူးသဖြင့် စီးပွားရေးတို့၊ တခြားနေရာတွေမှာ ပါဝင်လုပ်ကိုင်ရတာတွေပေါ့နော်။ အဲ့ဒီအချက်နဲ့ ပတ်သက်ပြီးတော့ရောရှင့်။

ဖြေ။ ။ အဲ့ဒါကကျတော့ မြန်မာနိုင်ငံမှာက ကျမတို့ အခု တွေ့နေရတာက ကဗျာဆရာဆိုရင် ကဗျာပဲ သူ့ရဲ့ခေါင်းထဲမှာ တချိန်လုံး ကဗျာပဲ တွေးနေမယ်။ ဘဝအတွက် လက်တွေ့ကျတဲ့ စားဝတ်နေရေးကို မစဉ်းစားဘဲ ကဗျာဆရာဆိုတာ ပေပေတေတေနဲ့ပေါ့ အဲ့လို အတွေးအခေါ်မျိုးလေးက အနည်းနဲ့အများတော့ တွေ့နေရတုန်းပဲ။ အမျိုးသားတွေကျတော့လဲ ကိုယ့်ရဲ့ဘဝမှာ ဒီလိုမျိုး လွတ်လွတ်လပ်လပ်နဲ့ နေနိုင်ကြတယ်။ နေပြီးတော့လဲ သူတို့ဟာသူတို့ ကျေနပ်ကြမယ်ပေါ့နော်။ အမျိုးသမီးကျတော့ ကိုယ့်ရဲ့ မိသားစု စားဝတ်နေရေးကိစ္စကို တွက်တဲ့အခါကျတော့ လက်တွေ့အားဖြင့် ဝင်ငွေရနိုင်မယ့်အလုပ်၊ စာပေနယ်ပယ်ထဲမှာပဲ ဖြစ်ပါစေဦးတော့ ဥပမာ- အယ်ဒီတာလုပ်မယ်၊ ဒါမှမဟုတ်ရင်လဲ ကဗျာအစား စကားပြေရေးမယ်၊ ရုပ်ရှင်ဘက်ကို ကူးမယ်။ နောက် မီဒီယာ ဂျာနယ်လစ်ဇင် ဘက်မှာလည်း လုပ်မယ်၊ ဒီလိုမျိုးတွေကို ကျမတို့ တွေ့ရပါတယ်။ ဆိုတော့ ဒီလို ကြိုးညှိခြင်း ကဗျာစာအုပ်ကို ထုတ်တဲ့အခါမှာ........

http://pandora-and-pandora.blogspot.com/
XS
SM
MD
LG