မြန်မာနိုင်ငံတွင်း အခုလာမယ့် လဆန်းပိုင်းထဲ တနိုင်ငံလုံး သန်းခေါင် စာရင်းကောက်ယူဖို့ လုပ်ငန်းစဉ်အတွက် အစိုးရအပြင်၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ လက်နက်ကိုင်တွေနဲ့ပါ တွေ့ဆုံညှိုနှိုင်းမှုတွေ လုပ်ခဲ့ရတယ်လို့ UNFPA ကုလသမဂ္ဂလူဦးရေ ရံပုံငွေအဖွဲ့ က ပြောပါတယ်။ ကောက်ခံမှု မတိုင်ခင် အငြင်းပွားနေတဲ့ တိုင်းရင်းသား လူမျိုးကိစ္စတွေနဲ့ ပတ်သက်လို့တော့၊ ဒါဟာ လူမျိုးတိုင်း အုပ်စုတိုင်း အနေနဲ့ သူတို့အမည်သူတို့ သတ်မှတ်ခွင့်ရှိတယ်လို့ ဆိုပါတယ်။ UNFPA မြန်မာ ဌာနေတာဝန်ခံဖြစ်သူနဲ့ တွေ့ဆုံမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက ဒီအကြောင်းသတင်းပေးပို့ထားတာပါ။
ပြည်လုံးကျွတ် သန်းခေါင်စာရင်း လုပ်ငန်းစဉ်အဖြစ်နဲ့ အခုလာမယ့် မတ်လ ၃၀ရက်နေ့ကနေ ဧပြီလ ၁၀ရက်နေ့အတွင်း အိမ်ထောင်စုတွေ အဖွဲ့အစည်းတွေမှာ လူဦးရေ စာရင်း ကောက်ခံမှုတွေ စတင် လုပ်ဆောင်နိုင်ဖို့ အတွက် နိုင်ငံတကာကဆိုရင် UNFPA ကုလသမဂ္ဂ လူဦးရေ ရံပုံငွေအဖွဲ့က နည်းပညာအရရော ဘဏ္ဍာငွေကြေးအရပါ ကူညီဆောင်ရွက်ပေးနေ တာဖြစ်ပါတယ်။ ဒီလို ကူညီဆောင်ရွက်ပေးရာမှာ အားလုံးပါဝင်တဲ့ လုပ်ငန်းစဉ်တရပ်ဖြစ်ဖို့ အစိုးရအပြင် တတ်ကျွမ်းသူတွေရော တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ပါ ဆွေးနွေးခဲ့ရတယ်လို့ UNFPA ဌာနေကိုယ်စားလှယ် Ms. Janet Jackson က ဗွီအိုအေကို ပြောပါတယ်။
“လုပ်နေတဲ့အဆင့်တိုင်းမှာ များပြားတဲ့ နားလည်တတ်ကျွမ်းသူတွေက စီမံခန့်ခွဲဆောင်ရွက်ကြပါတယ်။ အလှုရှင်တွေ နိုင်ငံရေးအကြံပေးတွေနဲ့ ညှိုနှိုင်းဆွေးနွေးပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်လုပ်နေသူတွေနဲ့ လည်း ဆွေးနွေးပါတယ်။ အစိုးဖက်ကမဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း ဆွေးနွေးပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေ လက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ဆွေးနွေးပါတယ်။ ဒီလို အပြန်အလှန်ဖလှယ်တာဟာ အင်မတန်အရေးပါပါတယ်။ အချို့ဆွေးနွေးပွဲတွေဆိုရင် နာရီနဲ့ချီကြာပါတယ်။
စုပြီး ဆွေးနွေးတာရှိသလို၊ နှစ်ဖက်ဆိုင်ပြီး ဆွေးနွေးရတာမျိုးလည်းရှိပါတယ်။ လွယ်ကူလှတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လူတိုင်းက ပါဝင်ဆောင်ရွက်ကြပါတယ်။ သန်းခေါင်စာရင်းကောက်တယ်ဆိုတဲ့အပေါ်မှာ နားလည်ဖို့ အဖွဲ့တိုင်းလူတိုင်း ကြိုးစားကြပါတယ်။ ဒါကြောင့်လည်း အခုလတ်တလောက လုပ်ငန်းစဉ်တင်မကဘူး၊ ရေရှည်မှာ ဒီအချက်အလက်တွေကို ဘယ်လို အသုံးပြုမလဲဆိုတဲ့ ကိစ္စတွေမှာပါ အပြန်အလှန်ယုံကြည်မှုရလာဖို့ အထောက်အကူဖြစ်စေမယ်ထင်ပါတယ်။ အခုအချိန်မှာ ယုံကြည်မှုက အရေးကြီးပါတယ်။”
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေအတွင်းမှာကို အထွေထွေရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ မြို့နယ်အချို့ရှိပါတယ်။ အဓိကကတော့ပဋိပက္ခတွေကြောင့်ပါ။ ဒါ့အပြင် မြန်မာနိုင်ငံမှာ နောက်ဆုံးကောက်ယူခဲ့တဲ့ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းမှာတောင်၊ ပဋိပက္ခဒေသတွေမှာ ကောက်ယူနိုင်ခဲ့ခြင်းမရှိပါဘူး။ သူတို့အနေနဲ့တော့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေနဲ့ပါ ဆွေးနွေးခဲ့ တာကြောင့်၊ ဒီလို ပဋိပက္ခရှိတဲ့ နယ်မြေတွေမှာတောင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံနိုင်ဖို့ အခြေအနေကောင်းတွေ ရထားပြီလို့ Ms.Jackson က ပြောပါတယ်။
“အခုဆိုရင်တော့ နောက်ဆုံးအဆင့်ရောက်နေပြီး၊ လုပ်ငန်းစဉ်တွေကို သေချာအောင် စေ့စေ့စပ်စပ် ပြန်ကြည့်ရမှာပါ။ လုပ်ရမယ့် အစီအစဉ် အားလုံး စနစ်တကျဖြစ်ရဲ့လားဆိုတာပါ။ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဆွေးနွေးညှိုနှိုင်းရတာ အဆင်ပြေပါတယ်။ အဲဒီဒေသတွေမှာ သန်းခေါင်စာရင်းကောက်ခံမှုတွေ လုပ်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်ပါမယ်ဆိုတဲ့ သဘောတူညီချက်တွေရထားပါပြီ။ တကယ့်ကို ပြင်ဆင်ဆောင်ရွက်မှုတွေလည်း တွေ့ရပါတယ်။”
အခု သန်ခေါင်စာရင်းကောက်ခံရာမှာ လူဦးရေ စာရင်း သက်သက်ကိုတင် မဟုတ်ပဲ၊ အလုပ်အကိုင် လူနေမှုဘ၀ စီးပွားရေး အခြေအနေတွေကိုပါ ထည့်ယူ ကောက်ခံမှာဖြစ်ပါတယ်။ ဒါဟာ တကယ်တော့ ဒီအချက်အလက်တွေကနေ သုတေသနပြုစု သုံးသပ်နိုင်ရင်၊ အခြားဖွံဖြိုးရေး အစီအစဉ်တွေ အတွက်ပါ အထောက်အကူဖြစ်စေဖို့လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် လူအတော်များများမှာ စားဝတ်နေရေး အခြေအနေတွေကြောင့် ပြည်တွင်းမှာပဲ ရွေ့ပြောင်းနေကြရတာ၊ နောက်ပြည်ပကို ရွေ့ပြောင်းအလုပ်လုပ်ကိုင်ကြရတာမျိုးတွေ အတော်လေး ဖြစ်နေပါတယ်။
ဒီနေရာမှာတော့ ပြည်ပရောက်နေတဲ့ မြန်မာလူမျိုးတွေအတွက်တော့ သူတို့သက်ဆိုင်ရာအိမ်ထောင်စုမှာပဲ ပြည်ပရောက်နေတယ်ဆိုတာ ဖော်ပြနိုင်ပြီး၊ ဘယ်အတွက်ကြောင့် ဘာကြောင့် ပြည်ပ ထွက်ရသလဲ ဆိုတာ မေးမြန်းဖို့မရှိဘူးလို့ သိရပါတယ်။ ဒါပေမယ့်လို့ ပြည်တွင်းမှာပဲ ရွေ့ပြောင်းသူတွေ အတွက်ကတော့ ရွေ့ပြောင်းရတဲ့ အကြောင်းရင်းတွေကိုပါ ထည့်သွင်းမေးမြန်းဖို့ရှိပါတယ်။
ဒါဟာလည်း ပြည်တွင်းထဲမှာပဲ ဘာကြောင့် တနေရာကနေ တနေရာ ပြောင်းရွေ့ကြရလဲဆိုတဲ့ အချက်အလက်အခြေအနေတွေကို သိရှိနိုင်ဖို့ဖြစ်တယ်လို့ Ms.Janet Jackson က ပြောပါတယ်။
“ရေတိုအလုပ်အကိုင်တွေကြောင့် တိုင်းပြည်ထဲ တနေရာကနေ တနေရာ သွားရောက်အလုပ်လုပ်ကြရတဲ့ ပြည်သူတွေအတွက်ကတော့ လူဦးရေစစ်တမ်းရယူမှုလုပ်ငန်းမှာ သူတို့ဟာ တရားဝင် တရားမဝင်လားဆိုတာ မထည့်တွက်ပါဘူး။ သူတို့အနေနဲ့ ဒီမှာပြောင်းရွေ့လာတာ ယာယီပဲလား ဒါမှမဟုတ် အမြဲတမ်းလားဆိုတာကိုပဲ သိရှိအောင် လူတိုင်းကို စာရင်းယူသွားမှာပါ။ ဘယ်လို အလုပ်အကိုင်လုပ်သလဲဆိုတာ အပါအဝင် မေးခွန်းတွေအားလုံးကို ဖြေဆိုနိုင်မှာပါ။ တနေရာကနေ တနေရာကို ဘာကြောင့် ပြောင်းသွားလဲဆိုတာကို သိဖို့ပဲ အရေးကြီးပါတယ်။
တိုင်းပြည်အတွင်းမှာပဲ တနေရာကနေ တနေရာကို ပြောင်းရွေ့သွားကြတာ ဘာကြောင့်လဲဆိုတာကို အတိအကျ သိရှိနားလည်နိုင်ဖို့လိုတာကြောင့်ပါ။ ဘယ်လို အလုပ်အကိုင်တွေကြောင့် လူတွေကို ဒီကို ရွေ့ပြောင်းလာကြသလဲဆိုတာ သိဖို့လိုတာပါ။ ဒါဟာ ရွေ့ပြောင်းနေထိုင်မှုနဲ့ပတ်သက်လို့ နောက်ပိုင်း သုတေသနလုပ်ငန်းတွေအတွက်လည်း အသုံးဝင်မှာမို့ပါ။”
နောက်အခု ကြုံရတဲ့အခြေအနေတရပ်ကတော့ လူမျိုးစု အမည်တပ်တဲ့ကိစ္စတွေပါ။ လူမျိုးကြီးတွေက လူမျိုးစုခွဲတွေ အမည်တပ်ပြီး စာရင်းကောက်မှာကို မနှစ်သက်သလို၊ လူမျိုးစုငယ်တွေကလည်း လူမျိုးကြီးအုပ်စုတွေထဲ သူတို့အမည်ပါသွားမှာ စိုးရိမ်နေပါတယ်။ ဒါကြောင့် လုပ်ငန်းစဉ်ပါ လူမျိုးစုအခြေခံသတ်မှတ်ချက်ကို ကန့်ကွက်မှုတွေမှာရှိနေတာပါ။
ဒါပေမယ့်လည်း တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုး သတ်မှတ်ချက်ဟာ ပြည့်စုံတဲ့ စာရင်းသတ်မှတ်မှု မဟုတ်ဘူးဆိုတာ သူတို့ရော အစိုးရကိုယ်တိုင်ပါ သဘောပေါက် နားလည်တယ်လို့ Ms.Jackson က ပြောပါတယ်။ ဒါပေမယ့် လက်ရှိရှိပြီးသား လူမျိုးစုသတ်မှတ်မှုဒီစာရင်းကို အခြေခံယူရတာဖြစ်ပြီး၊ ကိုယ်သတ်မှတ်ချင်တဲ့ ကိုယ့်လူမျိုးသတ်မှတ်ချက်ကို သီးခြားဖြည့်လို့ရတယ်လို့ ပြောပါတယ်။
“ကိုယ့်အချက်အလက်တွေကို ကောက်ခံထားရင် ကိုယ့်သဘောတူညီချက်မပါပဲ အများပြည်သူကိုထုတ်ပြန်အသိပေးတာမျိုးမလုပ်ရဘူးဆိုတာ
လူ့အခွင့်အရေးတမျိုးပါ။ နောက် လူ့အခွင့်အရေးတမျိုးကလည်း ကိုယ်ဟာ ဘယ်လူမျိုး ဘယ်အုပ်စုလဲဆိုတာကို ကိုယ်တိုင်ဆုံးဖြတ်ရွေးချယ်ပြောဆို သတ်မှတ်တာမျိုးဖြစ်ပါတယ်။ ဒါကြောင့် လူမျိုးစုခေါင်းဆောင်တွေက ဒီမေးခွန်းမျိုးကို ဘယ်လို ဖြေကြမလဲ ဆိုတာ ဆွေးနွေး တိုင်ပင်နေကြပါတယ်။ အောက်ခြေလူမှုအသိုင်းအဝိုင်းအဆင့်မှာရော၊ အခြားအဆင့်တွေမှာပါ ဆွေးနွေးမှုတွေ လုပ်နေကြတာပါ။ ဒါဟာ တကယ့်ကို သူတို့လုပ်ကြရမယ့် ကိစ္စပါ။ တဦးတယောက်ချင်းမဆို၊ ဘယ် အုပ်စု ဘယ်လူမျိုးမဆို - သူတို့ကို ဘယ်လူမျိုးအဖြစ် သတ်မှတ်စေချင်လဲဆိုတာ သူတို့ကိုယ်တိုင်ဆုံးဖြတ်သတ်မှတ်ရမယ့်အခွင့်အရေးရှိပါတယ်။”
အခု သန်းခေါင်စာရင်းလုပ်ငန်းကနေ ရလာမယ့် ကိန်းဂဏန်းတွေ အချက်အလက်တွေ အထူးသဖြင့်ဆိုရင်တော့ နေထိုင်မှုအခြေအနေ လူမှုဘ၀ အလုပ်အကိုင် စတာတွေကနေ နောက်ပိုင်းနိုင်ငံတော်အဆင့်ရေးဆွဲမယ့် ဖွံဖြိုးရေးစီမံချက်တွေအတွက် အသုံးပြုသွားနိုင်မှာဖြစ်သလဲ။ မြန်မာနိုင်ငံ လူအရင်းအမြစ်ကိုလည်း အသေအချာ တွက်ချက်သွားနိုင်မှာဖြစ်တယ်လို့ UNFPA တာဝန်ရှိသူက ပြောပါတယ်။ ဒါကြောင့် ဒီလုပ်ငန်းစဉ်ဟာ အစိုးရ ဒါမှမဟုတ် အဖွဲ့အစည်းတခုခုအတွက်ပဲ မဟုတ်ပဲ တတိုင်းပြည်လုံးမှာရှိတဲ့ လူမှုအသိုင်းအဝိုင်းတွေအားလုံးအတွက် အကျိုးရှိမယ့်လုပ်ရပ်ဖြစ်တာမို့။ လူထုဖက်ကလည်း ပူးပေါင်းဆောင်ရွက်သွားဖို့ UNFPA က တိုက်တွန်းပြောကြားခဲ့ပါတယ်။