သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘောလုံးအားကစားနဲ့ ကျန်းမာရေးမြှင့်တင်မည်


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်။
FIFA နဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်နေပါတယ်။ ဘောလုံးအားကစား နဲ့ ကလေးသူငယ်တွေရဲ့ ကျန်းမာရေးမြှင့်တင်မယ့် အစီအစဉ်တရပ်ကို FIFA ခေါ် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်နဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့လက်တွဲ ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက အစောဆုံး ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီ အကြောင်းကို ဗွီအိုအေ မြန်မာပိုင်း အစီအစဉ်က အယ်ဒီတာ ဦးသိန်းထိုက်ဦးက မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကို တွေ့ဆုံမေးမြန်းတဲ့အခါမှာ ဦးဇော်ဇော်က အခုလို စပြောခဲ့ပါတယ်။
FIFA နဲ့ မြန်မာ ဘောလုံးအဖွဲ့ချုပ်ရဲ့ ကျန်းမာရေးပညာပေး
please wait

No media source currently available

0:00 0:06:46 0:00

ဦးဇော်ဇော်။ ။ ဒီ Project ရဖို့ကတော့ ၂၀၁၂ ခုနှစ်ကပေါ့။ FIFA ကွန်ဂရက်စ်မှာ ကျနော်တို့ က အဆိုပြုတယ်၊ ကွန်ဂရက်စ်မှာပဲ ဆုံးဖြတ် လိုက်တယ်။ ကျနော်တို့ မြန်မာနိုင်ငံကို သူတို့ရွေးတယ်ပေါ့နော်။ ဒီ အာရှ ၄၆ နိုင်ငံတွေထဲက နိုင်ငံ တနိုင်ငံပေါ့။ Football for Health Program က ကျောင်း ထဲမှာ ၄၅ မိနစ် ဘောလုံး ကစားရမယ်၊ ၄၅ မိနစ်က ကျန်းမာရေးလိုက်စားရမယ်။ အဲ ဒီတော့ ကလေးတွေက ငယ်ငယ်ကတည်း က ကျန်းမာရေးက ဘယ်လောက် အရေးကြီးတယ်ဆိုတာ သိမယ်။ ပြီးလို့ရှိရင် အားကစားကလည်း ဘယ်လောက် အရေးကြီးလဲဆိုတာ သိမယ်။

အဲဒီကနေ ပေါင်းစပ်ပြီးတော့မှ အားကစားနဲ့ ကျန်းမာရေးကနေပြီးတော့မှ သူတို့ဘဝ- သူတို့အနာဂတ်- အဲဒီ အနာဂတ်တင်မဟုတ်ဘဲနဲ့ တနိုင်ငံလုံးရဲ့ ကျန်းမာရေးစောင့်ရှောက်မှု cost ပါ- ကျန်းမာရေး လိုက်စားလို့ရှိရင် ကုန်ကျစရိတ် သက်သာတာပေါ့နော်။ ဒါကြောင့်မို့လို့ စကတည်းက စံနစ်တကျ အခြေခံကောင်းကို တည်ဆောက်တဲ့ Program ပေါ့။

ဦးသိန်းထိုက်ဦး။ ။ မြန်မာနိုင်ငံမှာက ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်လို့ ဘောလုံး အဖွဲ့ချုပ် တစ်ခုတည်း လုပ်လို့ မရပါဘူးခင်ဗျ။ ကျန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ အထူးသဖြင့် ကလေးတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်လို့ တာဝန်ယူရမှာတွေ အစိုးရပိုင်းကရော တာဝန်ယူရမှာတွေ- သူတို့ဘက်ကရော ဘယ်လိုနေရာတွေမှာ ဘယ်လောက်အထိ ထိထိရောက်ရောက် ပါဝင်ဖို့ ရှိပါသလဲ။

ဦးဇော်ဇော်။ ။ ကျနော်တို့အနေနဲ့ကတော့ ဒီ Football for All ဆိုတဲ့ Program ဆိုတာကိုက ကလေးတွေကို ကျန်းမာရေးနဲ့ပတ်သက်လို့ ကြိုတင်ကာကွယ်မှုအပိုင်းကို educate လုပ်တာပေါ့။ ကျနော်တို့က ကုသတဲ့အပိုင်းမဟုတ်ဘူးပေါ့။ ဒီဟာတွေကို စောင့်ရှောက်မယ်၊ မလုပ်သင့်တာတွေကို မလုပ်ဘူး၊ ဥပမာ Wash your Hands ပေါ့။ တခုခု စားမယ်ဆိုရင် လက်ဆေးပြီးမှ စားပါတို့- ပြီးလို့ ရှိရင် ခြင်ထောင်နဲ့အိပ်လို့ရှိရင် ခြင်မကိုက်ဘူးဆိုတာမျိုး။ နောက်တခါ အရက်မသောက်ဖို့တို့။ မူးယစ်ဆေးဝါး မသုံးစွဲဖို့တု့ိ-

HIV နဲ့ပတ်သက်လို့ရှိရင်လည်း ဒါလေးတွေ educate ဖြစ်အောင်၊ knowledge ပေးတာတို့၊ နောက် ကျနော်တို့အနေနဲ့ပိုပြီးတော့ ကလေးတွေ၊ အမျိုးသမီးတွေကို လေးစားဖို့။ အဲလိုပေါ့- သိသင့် သိထိုက် တာလေးတွေ၊ ကျန်းမာရေးအမြင်လေးတွေ သူတို့ကို ပေးထားတဲ့အခါကျတော့ သူတို့ဘဝရော၊ ပတ်ဝန်းကျင်ကိုရော တည်ဆောက်တဲ့အခါမှာ ဆက်ပြီး ရှင်သန်သွားဖို့ပေါ့။

ခုနကပြောတဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုတဲ့ အပိုင်းတွေ။ ဒါတွေကတော့ ကျန်းမာရေးဝန်ကြီးဌာန ရဲ့ အပိုင်းပါ။ အခု ကျနော်တို့လုပ်တဲ့အချိန်မှာ ဒီ Football Medicine- Health Medicine ဆိုတာ မပါလို့ မရဘူး။ သူတို့ဆီမှာပဲ ဆရာဝန်တွေက ရှိတာဆိုတော့ - ဒီဆရာဝန်တွေအနေနဲ့ ဒီ Project မှာ ဝိုင်းပါတဲ့အခါကျတော့ ဆရာဝန်တွေကနေပြီးတော့ ဒီ Football Medicine ရယ်၊ နောက် ဆောင် ရန် ရှောင်ရန်အချက်တွေလည်း educate လုပ်ပေးနိုင်တယ်ဆိုလို့ရှိရင် ပိုကောင်းတာပေါ့နော်။

ဦးသိန်းထိုက်ဦး။ ။ ကျန်တဲ့အစီအစဉ်ရော လူငယ်တွေအတွက် သီးခြားအစီအစဉ်တွေ၊ ဘယ်လို ရည်မှန်းချက်တွေ ရှိပါသေးသလဲ။

ဦးဇော်ဇော်။ ။ ကျနော်တို့ဆီမှာက Grass Root Program လုပ်ဖို့လိုတယ်။ သို့သော်လည်း Facility လည်းလိုတယ်။ အစိုးရဘက်ပိုင်းကလည်း ကွင်းတွေ၊ အဆောက်အဦးတွေ အများကြီး ဆောက်ပေးဖို့ လိုတယ်။ နောက်ပြီးတော့ ကျောင်းတွေမှာလည်း အားကစားကွင်းတွေ ပြန်ထည့်ပေးဖို့ လို တယ်။ နောက်ပြီးတော့ စာသင်ချိန်တွေမှာလည်း ကစားဖို့ဆိုတဲ့ အချိန်ပေါ့ TE တို့ဘာတို့။ အဲလိုလေးတွေ ပြန်ပြီးလုပ်ပေးဖို့ လိုတယ်ပေါ့။

ဘောလုံးအားကစားနည်းကို လူတိုင်းလိုက်စားပြီး ကစားတဲ့အခါကျတော့ အခုနက ပြောတဲ့ ပူးပေါင်း ဆောင်ရွက်ချင်တဲ့စိတ်တို့၊ နောက်တခုကလည်း သည်းခံတတ်တဲ့စိတ်တို့၊ Lost of the Game ကို နားလည်တာတို့။ အဲဒါလေးတွေကိုလည်း educate လုပ်ပေးနိုင်တယ်။

ဦးသိန်းထိုက်ဦး။ ။ လွန်ခဲ့တဲ့နှစ်တွေမှာတုန်းကတော့ မြန်မာပရိသတ်တွေရဲ့ အားပေးမှုတွေဟာ နည်းနည်း ကြမ်းကြမ်းတမ်းတမ်း ရှိခဲ့တယ်။ ထိန်းလို့သိမ်းလို့ ခက်ခဲ့တယ်ဆိုပြီးတော့ နာမည်လေး နည်းနည်း ထွက်ခဲ့တာမျိုးတွေ ရှိပါတယ်ခင်ဗျ။ အခုအချိန်မှာရော မြန်မာ ဘောလုံးကြည့် ပရိသတ်က ဒါတွေကို နားလည်လာပြီလား။

ဦးဇော်ဇော်။ ။ ဘောလုံးအားကစား အောင်မြင်ဖို့အတွက် ပရိသတ် မရှိဘဲ မရပါဘူး။ ပရိသတ်ရှိလာမှပဲ စပွန်ဆာတို့၊ marketing တို့၊ --- တို့၊ တဘက်က imcome ကို ရှာနိုင်ပြီးတော့မှ ဘောလုံးအားကစားကို တိုးတက်အောင် လုပ်ရတာပေါ့။ တချို့ဟာတွေမှာ ယဉ်ယဉ်ကျေးကျေး အားပေးတတ်တဲ့ အလေ့အထ တို့၊ နောက်တခုက ချက်ခြင်းပေါ့လေ- ရှုံးလာလို့ရှိရင် ဒေါသဖြစ်တာတို့၊ ရှိတာနဲ့ ကာက်ပစ်တာ တို့- နောက်တခါ အရက်သောက်ပြီး ဘောလုံးပွဲကြည့်တဲ့ စရိုက်လေးတွေတို့ - ကျနော့်အနေနဲ့ပြော ရရင် ဒါတွေကို ကြောက်နေပြီးတော့ မလုပ်ဘူးဆိုလို့ရှိရင်တော့ ကျနော်တို့ ကောင်းလာစရာ မရှိဘူး။ ဒီလိုဟာတွေကို ကျနော်တို့က ဖြေရှင်းမယ်၊ လုပ်မယ်၊ နိုင်ငံ တကာ ပြိုင်ပွဲ စံချိန်စံညွှန်းအတိုင်းပဲ ကျနော်တို့က သတ်မှတ်ထားတဲ့ လုံခြုံရေးပိုင်းတွေ၊ စီမံချက်တွေကိုလည်း ဆောင်ရွက်မယ်။ ပရိသတ်တွေကလည်း တဖြည်းဖြည်းနဲ့ educate ဖြစ် လာမယ်။ သူတို့ကိုလည်း eucate လုပ်ပေးမယ်။ သူတို့ကလည်း နားလည်လာမယ်၊

ကျနော်တို့က improvement တွေကိုပဲ။ ဒါတွေအကုန်လုံးကို ကျနော်တို့က overnight တော့ -- အခု ကျနော်တို့လုပ်လိုက်ပြီ။ မနက်ဖြန် ကောင်းသွားပြီ ပြောလို့မရဘူး။ အရင်အခြေအနေနဲ့စာရင် အများကြီး ကောင်းလာတယ်။ အားလုံးကောင်းပြီလားဆိုတော့လည်း မကောင်းသေးဘူး။ ဒါပေမဲ့ ကျနော်တို့က ဆက်ပြီးတော့ လုပ်ရမယ်။ ဘယ်လို အခက်အခဲပဲဖြစ်ဖြစ်၊ ကိုယ့်လူမျိုး ဘယ်လို ပုံစံ ပဲ ဖြစ်နေနေ ဆက်ကို လုပ်ရမယ်။ နိုင်ငံတကာရဲ့ နေရာတနေရာကို ရဖို့အတွက်ကို မကြိုးစားဘဲတော့ မဖြစ်နိုင်ဘူး။

ဒီလို ဘောလုံးအားကစားနဲ့ ကျန်းမာရေးအစီအစဉ် စတင်ဆောင်ရွက်တဲ့ အကြောင်းကို မြန် မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ မနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအပြီး ရှင်းပြခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG