သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုယ်ဖျောက် ဝတ်ရုံ တီထွင်နိုင်တော့မည်လား


အလင်းနည်းပညာရဲ့ နောက်ဆုံးပေါ် တိုးတက်မှုတွေကို အသုံးပြုပြီး၊ အရာဝတ္ထုတွေ ကို မြင်ကွင်း ကနေ ဖျောက်ထားပေးနိုင်တဲ့ အဝတ်ထည်တစ်မျိုး။
အလင်းနည်းပညာရဲ့ နောက်ဆုံးပေါ် တိုးတက်မှုတွေကို အသုံးပြုပြီး၊ အရာဝတ္ထုတွေ ကို မြင်ကွင်း ကနေ ဖျောက်ထားပေးနိုင်တဲ့ အဝတ်ထည်တစ်မျိုး။

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားတက္ကသိုလ်က သုတေသီတစ်ဦးဟာ သိပ္ပံဝတ္ထုတွေမှာ မကြာခဏ ပါဝင်လေ့ရှိတဲ့ ဝတ်ဆင်ထားသူကို လူတွေရဲ့ မြင်ကွင်းကနေ ဖျောက်ပေးထားမယ့် ကိုယ်ပျောက်ဝတ်ရုံလို အဝတ်အထည်မျိုးကို အမှန်တကယ် ဖန်တီးနိုင်ဖို့ နီးစပ်နေပြီလို့ ဆိုပါတယ်။

ဒီတက္ကသိုလ်က ရုပ်ဝတ္ထုဗေဒ သိပ္ပံပညာရှင် တစ်ဦးဖြစ်တဲ့ Xiang Zhang က အလင်းနည်းပညာရဲ့ နောက်ဆုံးပေါ် တိုးတက်မှုတွေကို အသုံးပြုပြီး၊ အရာဝတ္ထုတွေကို မြင်ကွင်းကနေ ဖျောက်ထားပေးနိုင်တဲ့ အဝတ်ထည်တစ်မျိုးကို ဖန်တီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအဝတ်ထည်ထဲမှာ လူ့ဆံပင်အထူရဲ့ အပုံ တစ်ထောင်ပုံ တစ်ပုံပဲရှိပြီး၊ ရွှေနဲ့လုပ်ထားတဲ့ နာနိုအင်တာနာငယ်လေးတွေ သန်းပေါင်းများစွာ ပါဝင်ပါတယ်။

ဒီအဝတ်ထည်ပေါ်အလင်းကျရောက်တဲ့အခါ အလင်းပြန်ပြီး ပြန်ထွက်လာတဲ့ အလင်းတန်းတွေကို အင်တာနာလေးတွေက ထိန်းချုပ်နိုင်တဲ့အတွက်၊ နံရံလိုမျိုး မျက်နှာပြင်ပေါ်မှာ အလင်းပြန်တဲ့ပုံစံမျိုးဖြစ်အောင် လုပ်ပေးလိုက်တဲ့အခါ၊ အဝတ်ထည်အောက်က အရာဝတ္တုကို မမြင်ရအောင် ဖျောက်ထားပေးနိုင်တယ်လို့ သူက ရှုင်းပြပါတယ်။

အရာဝတ္တုတွေကို မမြင်ရအောင် လုပ်တဲ့အခြားနည်းလမ်းတွေရှိပေမယ့် အသုံးပြုတဲ့ စက်ပစ္စည်းတွေက ကြီးမားပြီး၊ ချောမွေ့တဲ့မျက်နှာပြင် ရှိမှသာ မြင်ကွင်း ကဖျောက်ပေးနိုင်ပါတယ်။ အခု မစ္စတာ ကျန်း တီထွင်ထားတဲ့ အထည်စကတော့ ဒီပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်လို့ သူကဆိုပါတယ်။

XS
SM
MD
LG