သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အဝေးထိန်းဒုံးယာဉ် အီရန်ဖမ်းမိ


အီရန်ဘက်က ဖမ်းမိတယ်လို့ အခိုင်အမာပြောနေတဲ့ အမေရိကန် အဝေးထိန်းဒုံးယာဉ်။
အီရန်ဘက်က ဖမ်းမိတယ်လို့ အခိုင်အမာပြောနေတဲ့ အမေရိကန် အဝေးထိန်းဒုံးယာဉ်။
အမေရိကန်ရဲ့ အဝေးထိန်းဒုံးယာဉ်တစင်းကို ပါရှန်ပင်လယ်ကွေ့ပေါ်က အီရန်လေပိုင်နက်ထဲမှာ ဖမ်းမိ တယ်လို့ Iran အစိုးရသတင်းဌာနက ကြေညာပြီးနောက် အမေရိကန် ရေတပ်ပြောရေးဆိုခွင့် ရှိသူ ကတော့ အရှေ့အလယ်ပိုင်းဒေသကို ရောက်လာပြီးနောက် ဘယ်ဒုံးယာဉ်မှ ပျောက်ဆုံးခြင်းမရှိဘူးလို့ ဆိုပါတယ်။

အဲဒီဒေသတွင်းမှာ အမေရိကန်ရဲ့ အဝေးထိန်းဒုံးယာဉ် အကုန်ရှိနေပါတယ်လို့ အမေရိကန်ရေ တပ် ပြောရေး ဆိုခွင့်ရှိသူက ပြောတာပါ။ အဝေးထိန်း Scan Eagle ဒုံးယာဉ်က ကင်းလှည့်ပြီး သတင်းအချက်အလက်တွေ စုဆောင်းနေတာကို တော်လှန်ရေးအစောင့် တပ်ဖွဲ့ရဲ့ ရေတပ်က ဖမ်းမိခဲ့တယ်လို့ အင်္ဂါနေ့က ထွက်လာတဲ့ သတင်းတွေမှာ ဖော်ပြထားတာပါ။

အရင်လကလည်း ပင်လယ်ကွေ့ဒေသမှာ အမေရိကန်ရဲ့ အဝေးထိန်းဒုံးယာဉ်တစင်းကို အီရန်တိုက်လေယာဉ် နှစ်စင်းက လိုက်ပြီးပစ်ချခဲ့တယ်လို့ အမေရိကန် ပန်တဂွန် စစ်ဌာနချုပ်က အစီရင်ခံတာကို အီရန်က မှန်ကန်ကြောင်း အတည်ပြုခဲ့ပါတယ်။
XS
SM
MD
LG