သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ရွေးကောက်ပွဲ ပြု ပြင် ပြောင်းလဲရေး သမားတွေ အသာစီးရ 


အီရန်ရွေးကောက်ပွဲ
အီရန်ရွေးကောက်ပွဲ

အီရန်ရွေးကောက်ပွဲမှာ ပြုပြင်ပြောင်းလဲရေး လိုလားတဲ့အုပ်စုတွေက အသာစီးရနေပါတယ်။

တနင်္ဂနွေနေ့မှာ ထွက်လာတဲ့ အစောပိုင်း မဲစာရင်း ရလဒ်တွေအရ အနောက်အုပ်စုနဲ့ ထိတွေ့ဆက်ဆံရေးကို လိုလားတဲ့ ပြုပြင်ပြောင်းလဲရေးအုပ်စုတွေက မြို့တော် တီဟီရန်က လွှတ်တော်အမတ်နေရာ ၃၀ စလုံးမှာ အနိုင်ရမယ့် အလားအလာ ရှိနေပါတယ်။

သောကြာနေ့က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ နောက်ဆုံး ရလဒ်တွေကတော့ ဒေသစံတော်ချိန် တနင်္လာနေ့မှာ ထွက်လာမှာ ဖြစ်ပါတယ်။

Assembly of Experts လို့ခေါ်တဲ့ နိုင်ငံရေး ဥသျှောင်အဖွဲ့ဝင်ဖြစ်ရေး ပြုလုပ်တဲ့ ရွေးကောက်ပွဲအတွက် လက်ရှိသမ္မတ Hassan Rouhani နဲ့ သမ္မတဟောင်း Akbar Hashemi Rafsanjani တို့လည်း ရှေ့ကနေ ဦးဆောင်နေတယ်လို့ ဆိုပါတယ်။ သြဇာကြီးတဲ့ ဒီအဖွဲ့ဟာ အီရန်ရဲ့ နိုင်ငံခြားရေးမူဝါဒတွေကို နောက်ဆုံး ဆုံးဖြတ်ချက်ပေးရသူဖြစ်တဲ့ ဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei ရဲ့ လုပ်ဆောင်မှုတွေကို စောင့်ကြည့်ရတဲ့အဖွဲ့ဖြစ်ပြီး နောင်တက်လာမယ့် ဘာသာရေးခေါင်းဆောင်ကိုလည်း ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။

တစိတ်တပိုင်း ထွက်လာတဲ့ မဲရလဒ်တွေအရ အမတ်နေရာ ၂၉၀ ရှိတဲ့ လွှတ်တော်ထဲက နေရာအတော်များများကို အယူအစွဲ ပြင်းထန်သူတွေဘက်က လက်လွတ် ဆုံးရှုံးမယ့်ဘက်ကို ဦးတည်နေတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲက အစိုးရအပေါ် ယုံကြည်လက်ခံနိုင်စွမ်း ပိုတိုးလာစေသလို လုပ်ပိုင်ခွင့် ပိုရှိသွားစေတယ်လို့ သမ္မတ Rouhani က ပြောကြောင်း အစိုးရပိုင် သတင်းမီဒီယာတွေမှာ စနေနေ့က ကိုးကား ဖော်ပြကြပါတယ်။

XS
SM
MD
LG