သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်သမ္မတရွေးကောက်ပွဲ Hassan Rowhani အနိုင်ရ


အီရန် သမ္မတရွေးကောက်ပွဲ အနိုင်ရ Hassan Rowhani (လယ်)။
အီရန် သမ္မတရွေးကောက်ပွဲ အနိုင်ရ Hassan Rowhani (လယ်)။
အီရန်နိုင်ငံမှာကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရသူဟာ သဘောထားမတင်းမာတဲ့ ဘာသာရေးဆရာ ဟက်ဆန် ရိုဟာနီ (Hassan Rowhani) ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး မိုစတာဖာ မိုဟာမက်နက်ဂျာ (Mostafa Mohammad-Najjar) က ကြေညာလိုက်ပါတယ်။ ဒီ အနိုင်ရမှုဟာ နိုင်ငံကိုအုပ်ချုပ်နေတဲ့ သဘောထားတင်းမာသူတွေအပေါ် မထင်မှတ်ဘဲ အောင်နိုင်မှုပဲ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရေးသမားတွေ သိပ်သဘောကျတဲ့ နျူကလီးယား ညှိနှိုင်းရေးမှူးဟောင်း မစ္စတာရိုဟာနီ ဟာ စုစုပေါင်း ရေတွက်ရတဲ့ မဲပေါင်း ၃၇ သန်းနီးပါးမှာ ထောက်ခံမဲ ၁၉ သန်းနီးပါး ရရှိတာဖြစ်ပါတယ်။

မဲ ၅၀% ထက်နည်းနည်း ပိုရခဲ့တာကြောင့် ဒုတိယအကျော့ ပြန်ယှဉ်ပြိုင်စရာ မလိုတော့ပါဘူး။ သူနဲ့အနီးဆုံး လိုက်ပါသူကတော့ သူနဲ့တော်တော်ပြတ်ကျန်ခဲ့ပြီး မဲ ၁၆ ရာခိုင်နှုန်းရတဲ့ တဟီရန်မြို့တော်ဝန် မိုဟာမက် ဘက်ဟာခါလီဘပ် (Mohammad Bagher Qalibaf) ပဲ ဖြစ်ပါတယ်။

ဒီလိုရွေးကောက်ပွဲမှာ ပါဝင်မဲထည့်ခဲ့ကြတာအတွက် အမေရိကန်ပြည်ထောင်စု က ချီးကျူးပြောဆိုပြီး သမ္မတ အိုဘားမား အစိုးရအဖွဲ့က ဒီဆန္ဒမဲခံယူပွဲ ကို လေးစားပါတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရသူ ဂျေးကာနီ (Jay Carney) က ပြောပါတယ်။ မစ္စတာကာနီ ရဲ့ ကြေညာချက်မှာ အီရန်အစိုးရဟာ ထင်သာမြင်သာ မရှိသလို၊ သတင်းမီဒီယာကလည်း စိစစ်ရေးရှိတဲ့အပြင် လုံခြုံမှုမရှိတဲ့ အနေအထားတွေ အပါအဝင် အစိုးရရဲ့ အတားအဆီးတွေ ကန့်သတ်ချက်တွေကြားမှာ ဒီရွေးကောက်ပွဲ ဖြစ်မြောက်ခဲ့ရတာပါ လို့ ပြောထားပါတယ်။

အီရန်နိုင်ငံရဲ့ သောကြာနေ့ ရွေးကောက်ပွဲမှာ အီရန်နိုင်ငံသား သန်း ၅၀ လောက်က မဲပေးခွင့်ရှိပြီး အဲဒီထဲက ၇၀ ရာခိုင်နှုန်းလောက် မဲလာပေးပါတယ်။ အီရန်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ မိုဟာမက် အမာဒင်နီဂျက် (Mahmoud Ahmadinejad) သမ္မတ တတိယသက်တမ်း အတွက် ဆက်ပြီး အရွေးခံလို့မရတာကြောင့် သူ့ရဲ့နေရာမှာ မစ္စတာ ရိုဟာနီ က ဆက်ခံရမှာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ မစ္စတာ အမာဒင်နီဂျက် ပြန်ပြီး အရွေးချယ်ခံခဲ့ရတဲ့ အတွက်ကြောင့် နိုင်ငံတဝန်း ကန့်ကွက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားပြီး အစိုးရကလည်း သွေးထွက်သံယို နှိပ်ကွက်ခဲ့ပြီး တဲ့နောက်မှာ အခု သမ္မတရွေးကောက်ပွဲဟာ ပထမဆုံးအကြိမ် ပြန်ကျင်းပ တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG