သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ရွေးကောက်ပွဲ မဲပေးချိန်တိုး


အီရန် ရွေးကောက်ပွဲ
အီရန် ရွေးကောက်ပွဲ
ရွေးကောက်တင်မြှောက်မှုဆိုင်ရာ လုပ်ငန်းစဉ်တွေအပေါ် အစိုးရက တင်းတင်း ကျပ်ကျပ် ထိန်းချုပ်ထားတဲ့ အီရန်က သမ္မတရွေးချယ်ပွဲမှာ အီရန်ပြည်သူတွေ မဲပေးနေကြပြီဖြစ်ပါတယ်။ သောကြာနေ့မှာ အီရန်နိုင်ငံက ထွက်လာတဲ့ သတင်းတွေအရ မဲပေးသူများပြားတဲ့အတွက် မဲပေးတဲ့အချိန်ကို တိုးပေးထားရ တယ်လို့ ဆိုပါတယ်။ မဲပေးခွင့်ရှိသူ လူဦးရေဟာ ငါးဆယ့် ငါးသန်းလောက် ရှိတာပါ။ အီရန်နိုင်ငံ အပေါ် သြဇာသက်ရောက်မှုရှိတဲ့ ဘာသာရေးခေါင်းဆောင်တွေ ပါဝင်တဲ့အဖွဲ့ကနေ အတည်ပြုချက်ရထားတဲ့ သမ္မတလောင်း ခြောက်ယောက်ထဲကနေ တစ်ယောက် ကို ပြည်သူတွေက ရွေးချယ်ပေးရမှာဖြစ်ပါတယ်။

အများစုဟာ တင်းမာသူတွေဖြစ်ကြပြီးတော့ လက်ရှိအစိုးရကို ထောက်ခံသူတွေနဲ့ တိုင်းပြည်ရဲ့ ခေါင်းဆောင်ကြီးအပေါ် သစ္စာစောင်သိသူတွေဖြစ်ကြပါတယ်။ အီရန်နိုင်ငံရဲ့ အဆင့်အမြင့်ဆုံးခေါင်းဆောင်ကြီး အရာတိုလာ အလီခါမာနီကလည်း တီဟီရန်မြို့တော်က သမ္မတရွေးချယ်ပွဲမှာ မဲပေးခဲ့ပါတယ်။

ဒီလိုမဲပေးခဲ့ပြီးတဲ့နောက် အီရန်သမ္မတရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ အမေရိကန်နိုင်ငံရဲ့ ပြစ်တင်ဝေဖန်မှုကို ပယ်ချလိုက်ပါတယ်။ အမေရိကန်က လက်ခံတဲ့ မြင်တွေ့လိုတဲ့ပုံစံကို သွားမယ်ဆိုရင် အီရန်နိုင်ငံဟာ အရှုံးသမားပဲဖြစ်လိမ့်မယ်လို့ သူကပြောပါတယ်။

နှစ်ကြိမ်ဆက်တိုက် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ မာွမွတ် အမာဒီမီဂျပ်ရဲ့ နေရာကို အစားထိုးဖို့အတွက် အခုလို ရွေးကောက်ပွဲ ကျင်းပနေတာဖြစ်ပါတယ်။ အီရန်နိုင်ငံရဲ့ အခြေခံဥပဒေအရ သမ္မတတစ်ဦးဟာ သုံးကြိမ်ဆက် ရွေးချယ်ပိုင်ခွင့်မရှိပါဘူး။
XS
SM
MD
LG