သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ပြည်ဝင်ခွင့် မရတဲ့ သံတမန်အတွက် အစားထိုးဖို့ အီရန်စဉ်းစားမှာမဟုတ်


အမေရိကန်က ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ထားတဲ့ ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ် Hamid Abutalebi
အမေရိကန်က ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ထားတဲ့ ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ် Hamid Abutalebi
အမေရိကန်အစိုးရက ပြည်ဝင်ခွင့် Visa ပေးမှာ မဟုတ်ဘူးလို့ ငြင်းဆန်ထားပေမယ့် ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်အဖြစ် ခန့်အပ်ဖို့ လျာထားသူ နေရာမှာ တခြားတယောက်နဲ့ အစားထိုးဖို့ စဉ်းစားမှာ မဟုတ်ဘူးလို့ အီရန်က ပြောလိုက်ပါတယ်။ Hamid Abutalebi နေရာမှာ တခြားတယောက်နဲ့ အစားထိုးဖို့ မရှိဘဲ အမေရိကန်ပြည်ဝင်ခွင့်ကိစ္စကို ကုလသမဂ္ဂမှာ ဥပဒေကြောင်းကနေ ဆောင်ရွက်သွားမယ်လို့ အီရန်နိုင်ငံခြားရေးဌာန အကြီးတန်းအရာရှိ တယောက်က ဒီကနေ့ စနေနေ့မှာ ပြောခဲ့ပါတယ်။

Hamid Abutalebi ဟာ ၁၉၇၉ ခုနှစ်တုန်းက တဟီရန်မှာရှိတဲ့ အမေရိကန်သံရုံးကို ဝင်စီးသိမ်းပိုက်မှုမှာ ပါဝင်ခဲ့တယ်လို့ဆိုတဲ့အတွက် သူ့ကို ကုလသမဂ္ဂ ဆိုင်ရာ အီရန်သံအမတ်အဖြစ်ခန့်အပ်မှုကို အမေရိကန် တာဝန်ရှိသူတွေက ကန့်ကွက်နေပါတယ်။

သူဟာ အမေရိကန်သံတမန်တွေကို ရက်ပေါင်း ၄၄၄ ရက်ကြာအောင် ဖမ်းဆီးထားတဲ့ မွတ်ဆလင်ကျောင်းသားအဖွဲ့ရဲ့ အဖွဲ့ဝင်တယောက်ဖြစ်ပါတယ်။ သူ့နေရာမှာ တခြားတယောက်နဲ့ အစားထိုးဖို့ အမေရိကန်တို့ရဲ့သဘောထားကို အတိအလင်းပြောထားပြီးဖြစ်တယ်လို့ အိမ်ဖြူတောင်ပြောခွင့်ရသူ Jay Carney က ပြောခဲ့ပါတယ်။

အမေရိကန်ရဲ့ သဘောထားကို အီရန်ကိုတိုက်ရိုက်ပြောခဲ့ပြီးဖြစ်သလို ကုလသမဂ္ဂကိုလည်း သိပေးထားပြီးပါပြီ၊ ရွေးချယ်မှုနဲ့ပတ်သက်လို့ ဥပဒေထဲမှာ
စိုးရိမ်ကြောင်းဖော်ပြထားတဲ့အတိုင်း ကျွန်တော်တို့ရဲ့စိုးရိမ်မှုက ထပ်တူဖြစ်ပါတယ်။ ဒီအကြောင်းတွေကြောင့် အမေရိကန်အစိုးရဟာ လွှတ်တော်နဲ့
သဘောထားချင်းတူပါတယ်။ ဥပဒေကြမ်းထဲမှာပြောထားတဲ့ ဆောင်ရွက်ချက်တွေကိုလည်း လက်ခံပါတယ်။ အီရန်ကရွေးချယ်ထားသူကို ပြည်ဝင်ခွင့် Visa ပေးမှာ မဟုတ်ဘူးလို့ အိမ်ဖြူတော်ပြောခွင့်ရသူက ပြောကြားခဲ့တာဖြစ်ပါတယ်။

အီရန်သံတမန်ကို အမေရိကန်ပြည်ထောင်စုထဲဝင်ရောက်မှုတားမြစ်တဲ့ ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုခဲ့တာပါ၊ ဒီဥပဒေကြမ်းအတည်ဖြစ်ဖို့ သမ္မတအိုဘားမား လက်မှတ်ထိုး မထိုးဆိုတာကိုတော့ ပြောခွင့်ရသူ Jay Carney က ပြောမသွားခဲ့ပါဘူး။
XS
SM
MD
LG