သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Nuclear ဗုံး ထုတ်မှာ မဟုတ်လို့ အီရန် ဘာသာရေး ခေါင်းဆောင်ပြော


အီရန်နိုင်ငံမှာ ကျင်းပတဲ့ ဘက်မလိုက်နိုင်ငံများ ညီလာခံတွင် အီရန်သမ္မတနှင့် ကုလသမ္မဂ္ဂ အတွင်းရေးမှူး ဘန်ကီမွန်းကို တွေ့ရစဉ်
အီရန်နိုင်ငံမှာ ကျင်းပတဲ့ ဘက်မလိုက်နိုင်ငံများ ညီလာခံတွင် အီရန်သမ္မတနှင့် ကုလသမ္မဂ္ဂ အတွင်းရေးမှူး ဘန်ကီမွန်းကို တွေ့ရစဉ်
အီရန်နိုင်ငံဟာ နျူကလီးယားဗုံးပြုလုပ်ဖို့ ဘယ်တုံးကမှ ကြိုးပမ်းခဲ့ခြင်းမရှိသလို လူပြောများစရာဖြစ်နေတဲ့ နျူကလီးယား စွမ်းအင် ထုတ်လုပ်ရေး ကျိုးပမ်းနေတဲ့ အစီအစဉ် ကိုလည်း စွန့်လွှတ်မှာ မဟုတ်ဖူးလို့ အီရန်နိုင်ငံရဲ့ ဥသျှာင် ခေါင်းဆောင်ကြီးက ပြောဆိုလိုက်ပါတယ်။

အီရန်နိုင်ငံရဲ့ နျူကလီးယား စွမ်းအင် ငြိမ်းချမ်းစွာ အသုံးပြုရေးအတွက် လုပ်ဆောင်ခွင့်ရှိတဲ့ အခွင့်အရေးကို အလျှော့ ပေးမှာ မဟုတ်ဖူးလို့ ကြာသာပတေးနေ့က ဘက်မလိုက် ထိပ်သီး ညီလာခံမှာ အီရန်နိုင်ငံရဲ့ ခေါင်းဆောင်ကြီး Ayatollah Ali Khamenei ကပြောဆိုလိုက်တာပါ။

အီရန်ခေါင်းဆောင်ရဲ့ ပြောစကားဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကိုလည်း ရည်ရွယ်ပြီးတော့ ပြောလိုက်တာပါ။ သူက အမေရိကန်နိုင်ငံက နိုင်ထက်စီးနင်း လုပ်လွန်းတယ်လို့ ပြောပါတယ်။

အဲဒီ့ညီလာခံကို တက်ရောက်နေတဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်း ကတော့ အီရန်အနေနဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာဖို့နဲ့ နျူကလီးယားထုတ်လုပ်ဖို့ ကြိုးပမ်းနေမှုကို စွန့်လွှတ်ဖို့ တိုက်တွန်း လိုက်ပါတယ်။
XS
SM
MD
LG